အပိုင်း၁၁။သေချင်ယောင်ဆောင်၍ လွတ်မြောက်ခြင်း

1.3K 228 13
                                    

စာအုပ်ဖတ်နေစဉ် ပိုင်လီချင်းမြောင်၏ အလိုလိုသိစိတ်သည်အပြောင်းအလဲလွယ်၍ သိသာစွာဘက်လိုက်သည်ဟု ဝမ်ရန်အယ်မြင်မိသည်။ဟယ့်ဝမ်းချောင်၊ဂိုဏ်းတူတပည့်များသို့မဟုတ် အချစ်ပြိုင်ဘက်အချို့နှင့်
ဆိုလျှင်အရူးတစ်ယောက်ကဲ့သို့ ထိုသူများပြောသမျှကိုယုံသည်။သို့ပေမဲ့
ဟယ့်ဝမ်းချောင်အခြားမိန်းမတစ်ယောက်နှင့်မရိုးမသားပတ်သက်မှုရှိနေလျှင်တော့
ပိုင်လီချင်းမြောင်ဟာအရိပ်အကဲခတ်အလွန််မြန်ပြီး ချက်ချင်းသဘောပေါက်သွားလေ့
ရှိသည်။သူတို့အတူရှိနေလျှင် အချစ်ပြိုင်ဘက်များ ဟယ့်ဝမ်းချောင်အပေါ်အကွက်ရွေ့၍မရ။

ဟယ့်ဝမ်းချောင်မည်သည့်နည်းနှင့်မျှ
ရှူယန်ယန်နှင့်သွားရှုပ်နေချိန်မရှိပေ။
အဘယ့်ကြောင့်ဆိုသော်တစ်ကြိမ်
သို့မဟုတ် နှစ်ကြိမ်တည်းဖြင့်
ပိုင်လီချင်းမြောင်သတိထားမိမှာ
ဖြစ်သောကြောင့်ပင်။

တကယ်ကိုပင် သူ‌ပြန်ရောက်သည်နှင့်
တစ်ခုခုမှား‌နေမှန်း ပိုင်လီချင်းမြောင်
တန်းသိသည်။

တောင်အောက်ဆင်းသည့်လမ်းတစ်လျှောက်၌ ဟယ့်ဝမ်းချောင်ဟာ
ပိုင်လီချင်းမြောင်ကိုတားဆီးဖို့ကြိုးစား
သည်။သို့သော်လည်း မအောင်မြင်ချေ။
သူဟာ သူ့ဂိုဏ်းတူညီမလေး လရောင်လွှမ်းဆီးနှင်းပိုးချည်မျှင်ပေါ်ခုန်တက်ပြီး
ရှူယန်ယန်၏ပြတင်းပေါက်ကိုသတိပေးခြင်းမရှိ ဝင်ရောက်သွားသည်ကိုသာ
အကူအညီမဲ့စွာကြည့်နေရသည်။
ထိုအချိန်၌ ရှူယန်ယန်သည်
မှန်ကြည့်ကာသူ့နားမှ နားဆွဲကို
ဖြုတ်နေသည်။

ပြတင်းပေါက်ရုတ်တရက်ပွင့်ထွက်သွားသဖြင့် လန့်သွား၍ ကြည့်လိုက်သောအခါ ဒေါသထွက်နေသည့်ပိုင်လီချင်းမြောင်နှင့်
သူ့နောက်ကလိုက်လာသည့် ပြင်းထန်စွာ
မျက်လုံးမှိတ်အချက်ပြနေသည့်
ဟယ့်ဝမ်းချောင်တို့ကိုတွေ့လိုက်ရသည်။

ရှူယန်ယန်ဟာ ဟယ့်ဝမ်းချောင်ကို
မမြင်ချင်ယောင်ဆောင်လိုက်သည်။
ပိုင်လီချင်းမြောင်ကိုမြင်သည့်အခါ
သူ့အကြည့်များဟာ ချက်ချင်းအေးခဲသွားပြီး
မျက်ရည်များပါးပြင်ပေါ်သို့ကျလာသည်။
သူ့ခြေထောက်များဟာလည်း
မခိုင်တော့ဘဲ ဒူးထောက်ကျသွား၏။

Devil Venerable Also Wants To Know(mm tran)Where stories live. Discover now