အပိုင်း ၂၇။စာပေဆွေးနွေးပွဲ၌ အိပ်ပျော်သွားခြင်း

1.2K 194 28
                                    

အဇူရာကောင်းကင်တောင်
မိုးမခငါးအိမ်တော် အပြင်ဘက်

ဟိုးယခင်အချိန်များတုန်းကကဲ့သို့ပင်
နတ်ဆိုးအရှင်သခင်ဘေးနား၌
သူ၏ကာကွယ်စောင့်ရှောက်သူနှစ်ဦး
လိုက်ပါစောင့်ရှောက်နေကြသည်။
သူ၏လက်မောင်းတစ်ဖက်
ပြတ်နေသောအခြမ်း၌
လက်ဝဲကာကွယ်စောင့်ရှောက်သူရပ်နေ၏။
လက်ယာကာကွယ်သူဟာ မျက်နှာကို
အပြာရောင်ပိုးပုဝါပါးပါးဖြင့် အုပ်ထားပြီး
ရှိုက်ဖိုကြီးငယ်အသွယ်သွယ်ကို
ထင်ရှားပေါ်လွင်စေသည့် အပြာရောင်
ဝတ်စုံပါးကိုဝတ်ဆင်ထား၏။
ဗျက်စောင်းတစ်ခုကိုပါ ရင်ခွင်ထဲ
ပွေ့ပိုက်ထားကာ ဝမ်ရန်အယ်
နားဆင်နိုင်စေရန် ထိုဗျက်စောင်းကို
တီးခတ်နေသည်။ညာဘက်လက်မှ
အမာရွတ်ပေါ်နေသည်ကို
လက်ယာကာကွယ်သူ
သတိမမူမိဟန်ပင်။ထိုအမာရွတ်ဟာ သူ၏ဖြူဖွေးနေသော အသားအရည်ထက်၌
ထင်ထင်ရှားရှား ပေါ်လွင်နေ၏။
ပြင်းထန်လှသည့် ဒဏ်ရာရမှသာ
ထိုကဲ့သို့အမာရွတ်မျိုးကျန်ခဲ့နိုင်မှာပင်။
ထိုအမာရွတ်ကိုမြင်လိုက်သူတိုင်းဆီမှ
သနားညှာတာမှုများ လက်ခံရရှိ‌နေ၏။

၎င်းတို့ဟာ မိုးမခငါးအိမ်တော်အပြင်ဘက်ရှိ
ခန်းမတစ်ခုသို့ရောက်ရှိနေကြသည်။
စာသင်သားများစုဝေးကြပြီး
ကဗျာဖတ်ကြရာ သို့မဟုတ်
စာပေအကြောင်းဆွေးနွေးတတ်ကြရာ
နေရာများထဲမှ ဤနေရာသည်
စာသင်သားများ အပျော်မွေ့ဆုံးနေရာပင်။
ထို့အပြင် ကျုန်းလီကျင့်ကြံခြင်းကလန်
တပည့်သစ်များခေါ်ဆိုရာ
နေရာလည်း ဖြစ်နေပြန်သည်။

ကျင့်ကြံခြင်းကလန်နှင့်ကျင့်ကြံခြင်းဂိုဏ်းကြားမှ အကြီးမားဆုံးခြားနားချက်မှာ
ကျင့်ကြံခြင်းဂိုဏ်း‌သည်
သာမန်လူသားများနှင့်ဝေးရာမှာ ‌
တည်ရှိပြီး ကျင့်ကြံခြင်းကလန်မှာမူ
သာမန်လူသားများကြားထဲတွင် တည်ရှိ၏။
ကျုန်းလီကလန်သည်
စာပေလေ့လာလိုက်စားသည့်
ပညာရှိများ၏ကလန်ဖြစ်သည်။
ကျုန်းလီကလန်၏အဓိကမိသားစုမှာ
မိုးမခငါးအိမ်တော်အတွင်း၌
နေထိုင်ကြပြီး ကျင့်ကြံသူများဖြစ်စသည်။
ကလန်ခွဲမိသားစုများမှာမူ
နန်‌တွင်းစာမေးပွဲများဖြေဆိုကြပြီး
မင်းမှုထမ်းများဖြစ်အောင်
ကြိုးစားကြသည်။တစ်ဘဝလုံး
ဧကရာဇ်အပေါ် သစ္စာရှိရှိခစားကြသည်စ။

Devil Venerable Also Wants To Know(mm tran)Where stories live. Discover now