အပိုင်း၇။လေလွင့်မသေမျိုးနှင့် တိုက်ခိုက်ခြင်း

1.4K 244 4
                                    

ပိုင်လီချင်းမြောင်သည်နဂိုသံသယများ
တတ်သူမဟုတ်ဘဲ အခြားသူများကို
ယုံကြည်လွယ်သူဖြစ်သည်။ထိုသို့ဖြစ်ရခြင်းမှာ ယခင်ဘဝနှင့်လည်းဆိုင်သည်။
နတ်ဘုရားမဘဝက သူ့အားမည်သူကမှမလိမ်ညာရဲပေ။သူ၏မြင့်မားသည့်စွမ်းအင်‌ကြောင့်အလိမ်ခံရလျှင်လည်း
ကိစ္စမရှိပေ။ထို့အပြင် ဘယ်သူ
ဘာပြောပြောဂရုစိုက်သည့်အကျင့်လည်း
သူ့၌မရှိ။ထို့ကြောင့်ယခုဘဝ၌ အမှန်ပြောခြင်းလား၊လိမ်ညာပြောခြင်းလား
သူမဝေခွဲတတ်။

သူ့ရှေ့မှာရုတ်တရက်ပေါ်လာသည့်
စီနီယာကျင့်ကြံသူ၌သူ့အပေါ်ဒုက္ခရောက်
စေချင်သည့်စိတ်ရှိချင်ရှိနိုင်သည်ဆိုတာကိုသူ မစဉ်းစားမိပေ။စီနီယာ၏စွမ်းအင်များမှာ သူ့ကဲ့သို့ကျင့်ကြံဆင့်နိမ့်သည့်သူမျိုးကို
သတ်လိုလျှင်လက်တစ်ချောင်းတည်း
မြှောက်လိုက်ရုံဖြင့်သတ်နိုင်သည်။
ဘာ့ကြောင့် အကြံအစည်တွေသုံးဖို့လိုမှာလဲ။

သူခြုံထားသည့် မီးလျှံငှက်မွှေးဝတ်ရုံ
ပျောက်သွားခြင်းအားလည်း အများကြီး
မစဉ်းစားချေ။ရေခဲလွင်ပြင်၌အအေးဓာတ်အလွန်ပြင်းထန်သောကြောင့် ဝတ်ရုံမှဝိဉာဉ်စွမ်းအားများကုန်ခမ်းသွား၍ ပျောက်ကွယ်သွားရခြင်း သို့မဟုတ် ရေခဲလွင်ပြင်တွင်နေထိုင်သည့်အင်အားကြီးသက်ရှိတစ်ခုခုကသူမသိမထားမိခင်ခိုးယူသွားခြင်း
ဖြစ်ရမည်ဟုယူဆလိုက်သည်။

သူရဲ့ဝိဉာဉ်စွမ်းအင်ကိုသုံးပြီး ခန္ဓာကိုယ်ကိုကာကွယ်လိုက်ကာ အဆုံးသတ်မတွေ့နိုင်သည့်အဖြူရောင်လွင်ပြင်ထဲ ဆက်လက်လှည့်လည်ရှာဖွေ‌တော့သည်။

ပိုင်လီချင်းမြောင်ဟာ ဘယ်နေရာ၌
ဆီးနှင်းမီးလျှံကိုရှာဖွေရမလဲဆိုတာမသိပေ။သူသိတာဆို၍ စီနီယာက ရေခဲလွင်ပြင်ထဲ
သူ့စိတ်ကြိုက်လျှောက်ရှာဖို့မှာကြားထားခြင်းကိုသာဖြစ်သည်။တစ်နေ့နေ့ ရှာတွေ့မည်
ဖြစ်‌ကြောင်း သူသေချာသိ၏။

မိုင်ထောင်ချီရေခဲလွင်ပြင်မှာ တစ်နှစ်လုံးဆီးနှင်းများလွှမ်းခြုံထားခြင်းကိုခံထားရပြီး
နေ့ဘက်၌ ကောင်းကင်ယံတွင်မီးခိုးရောင်တိမ်တိုက်များဖြင့်ပြည့်နှက်နေသည်။
ညဘက်၌ ကျဆင်းနေသောဆီးနှင်းများမှရောင်ပြန်ဟပ်မှုများကြောင့် နေ့ဘက်ကဲ့သို့ထိန်လင်းနေသည်။ထို့ကြောင့် နေ့နှင့်ညကိုကွဲကွဲပြားပြားမသိနိုင်ချေ။ပိုင်လီချင်းမြောင်ဟာ သူလမ်းလျှောက်နေတာ ဘယ်လောက်ကြာပြီမှန်းမသိပေ။သူမျက်လုံးထဲမှ မျက်ရည်များခဏခဏ ကျဆင်း
လာသော်လည်း သူအရှုံးမပေးချေ။

Devil Venerable Also Wants To Know(mm tran)Where stories live. Discover now