အပိုင်း၂၁။သစ်သားပန်းပု လေ့ကျင့်ထုဆစ်ခြင်း

1.2K 197 11
                                    

ဝမ်ရန်အယ် အခန်းထဲမှထွက်လာကြောင်း
ခံစားမိသည့် ချိုးဟုန်ရွှယ်ဟာ
အကာအရံကို အချိန်ကိုက်ဖွင့်ပေး
လိုက်လေသည်။ဒေါသပုန်ထနေသည့်
ပိုင်လီချင်းမြောင်အား
"မင်းသူ့ကို ပြန်ယူလို့ရပြီ။
ငိုချင်ရင်လည်းဆက်ငိုလို့ရတယ်။"
ဟုဝမ်ရန်အယ်ပြောလိုက်သည်။

ထို့နောက် ချိုးဟုန်ရွှယ်အား
"ပိုင်လီချင်းမြောင်ကို ရွှေရောင်ကမ်းခြေချောက်ကမ်းပါးဆီကို ခေါ်လာခဲ့။
သူ့ကိုယ်သူဟယ့်ဝမ်းချောင်ဆီ
မပေးအပ်လိုက်မိအောင်လည်း
အချိန်ပြည့်စောင့်ကြည့်နေ။"
ဟုအမိန့်ပေးလိုက်သည်။

စာအုပ်ပြီးသည်အထိ ဟယ့်ဝမ်းချောင်နှင့်
ပိုင်လီချင်းမြောင်တို့၏ ဆက်ဆံရေး
အဆုံးသတ်အထိ‌မရောက်ခဲ့ပေ။
ဟယ့်ဝမ်းချောင်ဟာ သူ့အပေါ်ခံစားချက်
အစစ်အမှန်ရှိသောကြောင့်
သူ့ဝိဉာဉ်သွေးကြောကို မယူခဲ့ပုံပင်။
ထိုအချက်ကြောင့် စိတ်ချထား၍တော့
မရပေ။ဇာတ်ကြောင်းဟာ တဖြည်းဖြည်းပြောင်းလဲလာပြီဖြစ်သောကြောင့်
မည်သည့်လှည့်စားမှုကြားမှ
မကျရောက်စေရန် ပိုင်လီချင်းမြောင်အား အချိန်ပြည့်စောင့်ကြည့်ရမည်။

လက်ရှိအခြေအနေကို ရင်ဆိုင်‌‌ရပြီးနောက် ကျုန်းလီချန်းအား ပြန်ပေးဆွဲမည့်အစီအစဉ်ဟာ အကောင်အထည်ဖော်ကိုဖော်ရမည့်
အစီအစဉ်ဟု ဝမ်ရန်အယ်
သတ်မှတ်လိုက်သည်။ပိုင်လီချင်းမြောင်
ကျုန်းလီချန်းအား မချစ်မိသွားလျှင်
သော်တောင်မှ အတားအဆီးတစ်ခု
အဖြစ် အသုံးချနိုင်သည်။

စာအုပ်ထဲ၌ ဇာတ်လိုက်၏ ချစ်သူ
ဖြစ်လာနိုင်ချေရှိသည့် ဇာတ်ကောင်အသစ်
ပေါ်လာတိုင်း ဟယ့်ဝမ်းချောင်
ခဏကြာပျောက်သွားလေ့ရှိသည်။
ထိုသို့မပျောက်သွားလျှင် ထိုဇာတ်ကောင်နှင့်
ရန်ဖြစ်လေ့ရှိသည်။တစ်ခါတလေဆိုလျှင်
ထိုဇာတ်ကောင်၏ စကားကြောင့်
ပိုင်လီချင်းမြောင် အသိစိတ်ဝင်သွားလေ့
ရှိသည်။သို့သော် ဇာတ်လိုက်မင်းသား
စကားကိုကြားသည်နှင့် ဇာတ်လိုက်မင်းသား
နောက်ပြန်ပါသွား၏။

ယခုအခြေအနေ၌ ဝမ်ရန်အယ်နှင့်
ယင်ဟန်ကျန်းပါဝင်သည့် နဂို
ဇာတ်ကြောင်းမှာအသုံးမဝင်တော့ပေ။ထို့ကြောင့် ချစ်သူဖြစ်လာနိုင်ချေရှိသူ ဇာတ်ကောင်နံပတ်၂နဲ့၄တို့၏ဇာတ်ကြောင်းကိုကျုန်းလီချန်းကိုပေးပြီး ဇာတ်လိုက်မင်းသမီး ခဏတာအာရုံ‌ပြောင်းသွားအောင်လုပ်ဖို့ဆုံးဖြတ်လိုက်သည်။

Devil Venerable Also Wants To Know(mm tran)Where stories live. Discover now