အပိုင်း ၂၈။အမှိုက်တွေချည်းပဲ

1.2K 174 23
                                    

ပုံရိပ်ယောင်သုံးပစ်လိုက်ခြင်းကြောင့်
စာအုပ်နှစ်အုပ်အား ပစ်လိုက်သည့်ဟန်
ပေါ်သွား၏။မဟာယနာအဆင့်
ကျင့်ကြံသူတစ်ယောက်အနေဖြင့်
သာမန်လူသားများကို
အရူးလုပ်ရသည်မှာ လွယ်ကူလွန်းလှသည်။
ကျုန်းလီခွမ်တောင်မှ စာအုပ်
တစ်အုပ်ကိုသာပဲ ပစ်လိုက်ခြင်း
ဖြစ်‌မှန်းမသိလိုက်ပေ။ကျုန်းလီချန်း
တစ်ယောက်သာ သံသယဝင်သည့်
အကြည့်တစ်ချက်ဖြင့်ကြည့်လာ၏။
စာအုပ်အဖုံးကစာအနည်းငယ်ကို
တွေ့လိုက်ခြင်းကြောင့် စာကြည့်တိုက်ကစာအုပ်မဟုတ်မှန်း သိ၏။ဤသို့ဆိုလျှင် စာအုပ်ကမည်သည့်နေရာက
ရောက်လာသည်နည်း။

နတ်ဆိုးအရှင်၌ ရှင်းပြရန်စိတ်ကူးမရှိပေ။
နောက်ထပ်စာအုပ်တစ်အုပ်
ပေါ်လာသောကြောင့် ဆွေးနွေးပွဲ၌
ဆက်နေရန်လည်း သူစိတ်မဝင်စားတော့ချေ။
ရှူယန်ယန်အား "မင်းဘာသာမင်း
ဘယ်နည်းပဲသုံးသုံး ကျုန်းလီချန်းကို
ကျုန်းလီကလန်က ရအောင်ဆွဲထုတ်ခဲ့။
သူ့ကိုခေါ်လာနိုင်ရင် မင်းရဲ့ပြစ်ဒဏ်ကို
၉၉နှစ်လျော့ပေးမယ်။"ဟုအသံပေးပို့
ဆက်သွယ်လိုက်သည်။

ပြစ်ဒဏ်အကုန် မ‌လျော့ပေးရခြင်းမှာ
ရေအကျဉ်းထောင်၌ အကျဥ်းချခံခဲ့ရသော
ခန်းမဆောင်သခင်များနှင့်
အိပ်ယာပေါ် ဆွဲတင်ခံရသော
ခန်းမဆောင်သခင်နှစ်ဦးတို့အတွက်ပင်။
ရှူယန်ယန်အ‌တွက် တစ်နှစ်ဆိုသည်မှာ
ဘာမှမဟုတ်ပေ။အပြစ်ဒဏ်အကုန်လုံးနီးပါး
‌လျော့ပေးခံ‌ရကြောင်း ကြားသောအခါ
ရှူယန်ယန်မျက်လုံး တလက်လက်
တောက်ပလာပြီး ချက်ချင်းပင်
"ဒီငယ်သားအရှင့်ကို စိတ်မပျက်စေရပါဘူး။"ဟုအသံပြန်ပို့လိုက်၏။

အမိန့်ထုတ်‌ပြီးသောအခါ
ဝမ်ရန်အယ် ကျုန်းလီချန်းကို
ခေါင်းညိတ်ပြလိုက်ပြီး ပြတင်းပေါက်မှ
ထွက်ခွာလိုက်သည်။လျင်မြန်လွန်းလှသဖြင့်
သာမန်လူသားတစ်ဦးမှ သတိမပြုမိပေ။

ကျုန်းလီသခင်လေး သုံးဦးလုံး
သတိပြုမိလိုက်သော်ငြား ဝမ်ရန်အယ်ဟာ
အဆင့်မြင့်ကျင့်ကြံသူဖြစ်ကြောင်း
ထွက်သွားသည့်အလျင်ကိုမြင်ရုံဖြင့်
သိသာနေသောကြောင့်
ပြဿနာမဖြစ်ချင်သဖြင့်
ကျုန်းလီချန်းမျက်ကွယ်ပြုလိုက်၏။
ကျုန်းလီခွမ်မှာမူ ဒေါသထွက်လွန်းသဖြင့် အရှေ့မှ စားပွဲကိုမှောက်လုနီးပါးပင်။
ကျုန်းလီချန်းဟာ ကျုန်းလီခွမ်လက်ထဲမှစုတ်တံကိုဆွဲယူလိုက်ပြီး တစ်ဖက်သို့
လှည့်လိုက်ကာကဗျာတစ်ပုဒ်
ရေးသားလိုက်၏။

Devil Venerable Also Wants To Know(mm tran)Where stories live. Discover now