အပိုင်း၂၆။အရှုပ်အထွေးများကို ရှင်းလင်းခြင်း

1.1K 193 29
                                    

"ကောင်းပြီလေ ရှင်းပြစမ်းပါဦး။"

ချွမ်းယွမ်ဂိုဏ်းအဓိကခန်းမဆောင်ထဲရှိ
အမြင့်ဆုံးထိုင်ခုံ၌
လက်မောင်းတစ်ဖက်သာရှိသည့်
အနက်ရောင်ဝတ်စုံဝတ်အမျိုးသားတစ်ဦး
ထိုင်နေသည်။သူ့လက်ဝဲဘက်၌
သူ့အစောင့်အရှောက်ဟာ
ဓားတစ်ချောင်းကိုင်စွဲရင်း ရပ်နေသည်။
သူ့ရှေ့၌ များပြားလှသောလူများစွာ
အတန်းလိုက်ဒူးထောက်နေကြသည်။
အရှေ့ဆုံးတန်းတွင် ခန်းမဆောင်
သခင်လေးဦးနှင့်ကာကွယ်သူ
တစ်ယောက်ရှိသည်။သူတို့နောက်တွင်မူ
၎င်းတို့၏လက်အောက်ငယ်သားများ
ဒူးထောက်လျက်ရှိကြသည်။
ခန်းမဆောင်သခင်လေးဦးနှင့်
ကာကွယ်သူတို့ဟာ တစ်ဦးနှင့်
တစ်ဦးအကွာအဝေးတစ်ခုခြားထားကာ
ဒူးထောက်ကြသည့်အတွက်
သူ့အတန်းနှင့်သူဖြစ်နေ၏။

အနက်ရောင်ဝတ်ယောကျာ်း၏
အမိန့်ကိုကြားပြီးနောက်
ငါးယောက်စလုံးတုန်လှုပ်သွားကြ၏။
မည်သူမှ စပြီးစကားမပြောရဲပေ။

"ဒီအရှင်မင်းတို့ကို ဒေါသမထွက်ဘူး။"
ဟုကျန်ရှိနေသည့်လက်တစ်ဖက်ကို
ထိုင်ခုံလက်ရန်းပေါ်တင်ထားရင်း
ပျင်းရိပျင်းတွဲကြည့်ကာ ဝမ်ရန်အယ်
ပြောလိုက်သည်။အေးအေးဆေးဆေး
တည်တည်ငြိမ်ငြိမ်ဖြင့်
"ဒီအရှင် သိချင်ရုံပဲ။မဟာယနာ
အဆင့်ခုနစ်ကျင့်ကြံသူနှစ်ယောက်နဲ့
ဟင်းလင်းပြင်လေဟာနယ်
နောက်ဆုံးအဆင့်ကျင့်ကြံသူနှစ်ယောက်က
သာမန်မဟာယနာအဆင့်ငါး
ဂိုဏ်းကာကွယ်သူတစ်ယောက်
လက်အောက်မှာ ဘယ်လို
ရှုံးနိမ့်သွားရသလဲဆိုတာကို။"

မည်သူမျှ စကားမပြောရဲသေးတာကို
တွေ့ရသည့်အတွက် ဝမ်ရန်အယ်
စကားဆက်ပြောလိုက်သည်။
"နှစ်တစ်ရာတောင်ကျော်သွားပြီ။
ဒီအရှင့်အကြောင်းမင်းတို့သိကြရောပေါ့။
ငါ့လက်အောက်ငယ်သားတွေ ငါ့အပေါ်
သစ္စာမရှိတာကို ငါဂရုမစိုက်ဘူး။"
ချွမ်းယွမ်ဂိုဏ်းက နတ်ဆိုးဂိုဏ်း။
ငါတို့ဂိုဏ်းမှာ ကြိုက်ရာလမ်းကို
ကျင့်ကြံလို့ရတယ်။စိတ်ကြိုက်
လွတ်လပ်ခွင့်ပေးထားတယ်။
မင်းတို့ ဂူပိုးကောင်တွေ၊
ညှို့ငင်တဲ့အတတ်တွေ၊
တစ္ဆေတွေ၊လိပ်ခွံတွေကိုပဲ လေ့ကျင့်ကျင့်၊ အာဏာနောက်ပဲလိုက်လိုက်
ငါဂရုမစိုက်ဘူး။ဒီဂိုဏ်းမှာ မင်းတို့
ရည်မှန်းချက်‌မြင့်မြင့်ထားလို့ရတယ်။
အသုံးမကျတာမျိုးကိုတော့
ဒီဂိုဏ်းမှာ လက်မခံဘူး။

Devil Venerable Also Wants To Know(mm tran)Where stories live. Discover now