အပိုင်း၈ ။ ခရမ်းရင့်ရောင်ဝိဉာဥ်စံအိမ်ဝောာ်သခင်မ

1.4K 232 14
                                    

ဝမ်ရန်အယ်ဟာ သူ့အောက်ကပွက်ပွက်
ဆူနေသော ချော်ရည်ပူများကိုကြည့်ပြီး
သူ့ရဲ့လှံရှည်ကိုလွှဲကာ အပြာရောင်ဝတ်အမျိုးသမီးဘက်သို့ ချိန်လိုက်၍
လွယ်လွယ်ဖြင့်လွှတ်ပေးဖို့ဆန္ဒမရှိကြောင်းသိသာအောင်ပြလိုက်သည်။

"ခဏလေးနေပါဦး။
ငါတို့မှာရန်ငြိုးမရှိဘူး။မင်းလည်း
ဆီးနှင်းမီးလျှံကိုရပြီးပြီ။ငါ့ကိုဘာလို့
လွှတ်မပေးရတာလဲ။"

သူမနိုင်နိုင်မှန်းသိသဖြင့်ထိုအမျိုးသမီးမှာ
ထွက်ပြေးဖို့ကြိုးစားချေပြီ။

"ငါမင်းကိုထွက်ပြေးခွင့်မပေးနိုင်ဘူး။"
"ကာကွယ်စောင့်ရှောက်သူယင်
မင်းငါ့နားမှာရှိနေတာကြာပြီ။
ငါဘယ်လိုအခြေ‌အနေမျိုးမှ ငါ့ပြိုင်ဘက်တွေကိုသွားခွင့်ပေးလဲ။"

ယင်ဟန်ကျန်းဟာ သူ့ရဲ့‌တဖြည်းဖြည်း
ပြန် ကောင်းလာနေတဲ့လက်ကိုဆုပ်ကိုင်
ထားရင်းဝမ်ရန်အယ်နောက်ကျော၌
ပေါ်လာသည်။ "အရှင်က သဘောထား
ကြီးတယ်။အဲ့တာကြောင့် ပြိုင်ဘက်တွေကိုသတ်ပစ်တာရှားပါတယ်။"

သူဟာသတ်ဖြတ်ခြင်းလမ်းစဉ်ကို
ကျင့်ကြံသော်ငြား သူကိုယ်တိုင်လူသတ်ခြင်းအလွန်ရှား၏။ချွမ်းယွမ်ဂိုဏ်းကိုတိုက်ခိုက်
ခဲ့စဉ်ကလည်း သတ်ဖြတ်ခြင်း
အများစုကို ယင်ဟန်ကျန်းသာပြုလုပ်ခဲ့ခြင်း
ဖြစ်၍ ချွမ်းယွမ်ဂိုဏ်းခေါင်းဆောင်ဟောင်း
ကိုသာ ဝမ်ရန်အယ်သတ်ဖြတ်ခဲ့ခြင်းဖြစ်၏။
အခြား ရှူယန်ယန်ကဲ့သို့ အကြီးအကဲများကို
တော့ သူမထိဘဲဒီတိုင်းထားခဲ့သည်။

ယင်ဟန်ကျန်းဟာ "အရှင်က သူအာရုံစိုက်ဖို့တောင်မထိုက်တန်တဲ့ သူ့ထက်အင်အားနည်းသူတွေကို ဂရုမစိုက်ဘူး။အလားလာရှိသူတွေဆိုရင်တော့ အရှင်ကလွတ်မြောက်ဖို့အခွင့်အရေးပေးပြီး အဲ့လူတွေ အင်အားကြီးလာတဲ့အချိန်ရောက်ရင် ထပ်ပြီးယှဉ်ပြိုင်တိုက်ခိုက်လေ့ရှိတယ်။"ဟုအပြာရောင်ဝတ်အမျိုးသမီးအားရှင်းပြလိုက်သည်။

သတ်ဖြတ်ခြင်းလမ်းစဉ်၌ မဖြစ်နိုင်သည့်အခြေအနေများကိုအံတုကာ ရှင်သန်ဖို့ကြိုးစားရခြင်းပါရှိ၏။မင်း၏
ကန့်သတ်ချက်အထိတိုက်ခိုက်ရအောင် တွန်းအားပေးနိုင်သည့် ပြိုင်ဘက်မရှိလျှင်၊
လက်ရည်တူ ပြိုင်ဘက်မရှိလျှင်၊
အခွင့်မသာသည့်အခြေအနေမှ အနိုင်ရယူ
နိုင်ခြင်းမရှိခဲ့လျှင် ကျင့်ကြံဆင့်တိုးလာဖို့အလားအလာမရှိချေ။ဝမ်ရန်အယ် နောက်ဆုတ်ရန်အခွင့်အ‌ရေးမရှိသည့်သတ်ဖြတ်ခြင်းလမ်းစဉ်ကိုရွေးချယ်ခဲ့သည့်အချိန်မှစ၍ သူကြုံတွေ့ခဲ့ရခြင်းများသည် အသက်အန္တရာယ်နှင့်နီးကပ်နေသည့် အခြေအနေများသာဖြစ်သည်။ သို့သော်လည်း ထိုအခြေအနေများကို
ကြုံတွေ့ကာကျော်ဖြတ်လာရခြင်းအား
သူနှစ်သက်သည်။

Devil Venerable Also Wants To Know(mm tran)Where stories live. Discover now