အပိုင်း၁၉။‌ဉာဏ်ကွန့်မြူးလှသည့် လက်အောက်ငယ်သား

1K 192 29
                                    

ပိုင်လီချင်းမြောင်၏ဆရာ အကြီးအကဲ
ချင့်ရုန်သည် နတ်အဖြစ်ပြောင်းလဲခြင်းအဆင့်သာရှိသေးသော်ငြား
အကြီးအကဲချင့်ရွှယ်နှင့် မျိုးဆက်တူသည်။လေလွင့်မသေမျိုးဟာ သူ့ကိုတပည့်အဖြစ်လက်ခံမည်ဟူသည့်စကားကိုကြားပြီးနောက် အကြီးအကဲချင့်ရုန် တွန့်ဆုတ်မိသွားသည်။ခဏကြာစဥ်းစားပြီးနောက်
"အခုအချိန်မှာ ရှန့်ချင်းဂိုဏ်းရဲ့စီနီယာ
အကျဆုံးဂိုဏ်းသားတွေက ဂိုဏ်းချုပ်နဲ့ကျွန်မပါ။ကျွန်မသာ အကြီးအကဲချင့်ရွှယ်ရဲ့
အမည်ခံတပည့်ဖြစ်သွားရင် မင်းက
ဂိုဏ်းချုပ်ရဲ့ အစ်မဖြစ်သွားမှာ။
အဲ့လိုကိစ္စမျိုးဖြစ်သွား‌အောင်
ကျွန်မမှာလုပ်ခွင့်မရှိပါဘူး။"

အမှန်သာဆိုလျှင်ချင့်ရွှယ်သည်
လေလွင့်မသေမျိုးဖြစ်သည့်အတွက်
အကြီးအကဲချင့်ရုန်နှင့်ဂိုဏ်းချုပ်တို့၏
စီနီယာဖြစ်သင့်သည်။သို့သော် သူသည်
ဧည့်သည်သာဖြစ်သောကြောင့်
ရှန့်ချင်းဂိုဏ်းဟာ အပြင်လူကို
သူတို့၏ဂိုဏ်းချုပ်ထက်မြင့်သည့်
ရာထူးကိုပေးမှာမဟုတ်ပေ။

ချင့်ရွှယ်၏အမူအယာ ရှုံ့မဲ့သွားပြီး
ကျန်ရှိသည့်ဦးနှောက်အနည်းငယ်ဖြင့်
အကြီးအကဲချင့်ရုန်ကိုဖယ်ထုတ်ပစ်ဖို့
ဖြစ်နိုင်ချေမည်မျှလောက်ရှိနိုင်သလဲ
ဆိုတာကို ဖြစ်ညှစ်စဉ်းစားနေမိသည်။

ကံကောင်းစွာ အကြီးအကဲချင့်ရုန်ဟာ
ပိုင်လီချင်းမြောင်ခေါင်းကိုပုတ်လိုက်ပြီး
"အကြီးအကဲ ချင့်ရွှယ် ပိုင်လီချင်းမြောင်ရဲ့ပါရမီကိုသဘောကျပြီး သူ့ကို
လက်မလျော့ချင်တာကြောင့် ကျွန်မကို တပည့်အဖြစ်လက်ခံမှာကို ကျွန်မသိတယ်။
ချင်းမြောင် အကြီးအကဲချင့်ရွှယ်က
မင်းကိုသင်ပြပေးချင်တာက မင်းအတွက်
ကံကောင်းမှုကြီးပဲ။ဒါ့ကြောင့် မငြင်းပါနဲ့။
သူကမင်းကို အမွေခံတပည့်အဖြစ်
လက်ခံချင်တာဆိုရင်တော့ အဆင်မပြေပေမဲ့
အမည်ခံတပည့်အဖြစ်ဆိုရင်တော့
ကိစ္စမရှိဘူး။"

"အင်း အဲ့လိုလည်းအဆင်ပြေတယ်။"
ဟုချင့်ရွှယ်ပြောလိုက်သည်။

ပိုင်လီချင်းမြောင်သည် အကြီးအကဲချင့်ရွှယ်နှင့်အတူ တံခါးပိတ်ကျင့်ကြံရင်း အလျင်အမြန်ပင် ဝိဉာဉ်အ‌ခြေတည်ခြင်းအဆင့်ရောက်သွားပြီး ရှန့်ချင်းဂိုဏ်း၏
မျိုးဆက်သစ် တောက်ပနေသည့်
ကြယ်တစ်လုံးဖြစ်လာသည်။

Devil Venerable Also Wants To Know(mm tran)Where stories live. Discover now