အပိုင်း၁၄။ဂိုဏ်းပေါင်းစုံစစ်ပွဲအဆုံးသတ်

1.1K 245 12
                                    

စွမ်းအင်တားဆီးအစီအရင်သည် သဘာဝ
ဝိဉာဉ်စွမ်းအင်ကြောများကို အတင်းအကြပ်
အားသုံး၍ပြောင်းလဲပစ်သည့်အစီအရင်
ဖြစ်သည့်အတွက် အစီအရင်ဖြစ်မြောက်အောင်ဖန်တီးရန်အလွန်ပင်ခက်ခဲလှသည်။
အလံ၁၀၈ခုနှင့်အတူ
ဝိဉာဉ်အခြေတည်အဆင့်နှင့်
ထိုအဆင့်အထက်ကျင့်ကြံသူ ၁၀၈ဦး
လိုအပ်သည်။ဝိဉာဉ်အခြေတည်အဆင့်
ကျင့်ကြံသူများသည် အထင်ကြီး
လောက်စရာကျင့်ကြံသူများပင်။
တစ်ကြိမ်တည်း ဝိဉာဉ်အခြေတည်အဆင့်ကျင့်ကြံသူအယောက်၅၀ကျော်
ထုတ်သုံးနိုင်သော မည့်သည့်ဂိုဏ်းမဆို
အလိုအလျောက် ကျင့်ကြံခြင်းလောက၏
နံပတ်တစ်ဂိုဏ်းဖြစ်သွား၏။

ဝိဉာဉ်အခြေတည်အဆင့်ကျင့်ကြံသူ၁၀၈ဦး
ရရှိရန် အမှန်တရားဂိုဏ်းပေါင်းစုံမှ
ကျင့်ကြံသူများကိုစုစည်းရန်လိုအပ်သည်။
တစ်ယောက်လိုလျှင်သော်တောင်မှ
အစီအရင်ဟာအစိတ်စိတ်အမွှာမွှာ
ကွဲသွားကာ ကြိုးစားအားထုတ်ခဲ့သမျှ
အလကားဖြစ်သွားမှာပင်။

ထိုကျင့်ကြံသူများထဲမှ တစ်ယောက်ဟာ
နတ်ဆိုးဂိုဏ်းများနှင့်အဆက်အသွယ်
ရှိနေတာမျိုး သို့မဟုတ် ရွေးချယ်ခံထား
ရသူများဟာစိတ်ခိုင်မာမှုမရှိသဖြင့် ကသောင်းကနင်းဖြစ်ပြီး စိတ်ကို
လွှမ်းမိုးခံသွားရမှာမျိုး ဖြစ်မှာစိုးရိမ်သောကြောင့် အစီအရင်ထဲပါဝင်သည့်
ဂိုဏ်းတပည့်များကို အလွန်စီစစ်ပြီး
ရွေးချယ်ထားသည်။ရွေးချယ်ခံတပည့်၁၀၈ဦးဟာ အမှန်တရားဂိုဏ်းများ၏
အနာဂတ်ထောက်တိုင်များပင်။အစီအရင်
ပျက်စီးမှာမဟုတ်တာ သေချာသွားမှ
နတ်ဆိုးဂိုဏ်းများကို စိတ်ချလက်ချဖြင့်တိုက်ခိုက်နိုင်မှာဖြစ်သည်။

ရှူယန်ယန်ဟာ ချိန်ကိုက်ဗုံးတစ်လုံးကို
လွန်ခဲ့သည့်ဆယ့်တစ်နှစ်ကတည်းက
ကြိုတင်ပြင်ဆင်ထားခဲ့မည်ဟု သူတို့
မထင်ထားခဲ့ကြ။ယခုကဲ့သို့ဆယ့်တစ်နှစ်
ကြာသွားချိန်တွင် ထိုချိန်ကိုက်ဗုံးဟာ
စွမ်းအင်တားဆီးအစီအရင်ကိုဖျက်စီးပစ်ပြီး
အမှန်တရားဂိုဏ်းပေါင်းစုံ၏ အစီအစဉ်ကို
ကိုင်လှုပ်လေ၏။

လေထဲ၌ အဖြူရောင်ဝတ်စုံဝတ်
မိန်းမတစ်ဦးဟာ အမှန်တရားဂိုဏ်းသား
တစ်ဦး၏ အခြေတည်စဝိဉာဉ်ကို
လက်တစ်ဖက်မှာကိုင်ထားပြီး သူ၏
မှော်လက်နက်ဖြစ်သည့်ဖူးငုံနေသည့်
ပင့်ကူလီလီပန်းထဲသို့
ထည့်သွင်းလိုက်လေ၏။

Devil Venerable Also Wants To Know(mm tran)Where stories live. Discover now