15.2K 704 13
Zawgyi
"​ရှောင်​ကျန့်​"
အခန်းရဲ့​တောင့်​စွန်းဝိုင်းမှာထိုင်​ပြီး သီချင်းနား​ထောင်​​နေတဲ့​​ကောင်​​လေးက အသံလာရာကိုလှည့်​ကြည့်​လာတယ်။ ​သူ့မှာသိပ်​လှပတဲ့မျက်​၀န်းတစ်​စုံနဲ့ မျက်​ခုံးတန်းတန်း​လေး​တွေရှိတယ်​။ နှာတံစင်းစင်း​လေးရှိပြီး နှုတ်​ခမ်းပါးတစ်​စုံရဲ့​အောက်​မှာ မဟူရာမှည့်​နက်​​လေးတစ်​လုံးက ရှိရင်းစွဲအလှကို ပိုမို​တောက်​ပ​စေတယ်​။
"ဘာလဲ"
"​ရော့ စီနီယာက​ပေးခိုင်းလိုက်​တာ"
"ဘာကြီးလဲ"
"လမ်းခွဲစာတဲ့"
"ဟင်​"
လှပတဲ့မျက်​၀န်းအစုံက ၀ိုင်းစက်​သွားတယ်​။ ​ကောကသူ့ကိုလမ်းခွဲလိုက်​တယ်​ ဘာ​ကြောင့်​လဲ သူလဲဘာမှမလုပ်​မိပါဘူး။ စာကိုပစ်​ချပြီး ​ကောရှိ​နေမယ့်​ ​ဘောလုံးကွင်းကိုအ​ပြေးသွားမိတယ်​။ အ​ကြောင်းပြချက်​​တော့ ကိုယ်​တိုင်​​ပေး
သင့်​တယ်​မဟုတ်​လား။ မြင်​လိုက်​ရတဲ့မြင်​ကွင်း​ကြောင့်​ ​ခြေအစုံရပ်​တန့်​သွားခဲ့တယ်​။ ​ကောရင်​ခွင်​ထဲမှာ ​ကောင်​မ​လေးတစ်​​ယောက်​ထိုင်​​နေတယ်​ ​ပြောရရင်​ ​ကောကိုလိုက်​​နေတဲ့စီနီယာမမ​ပေါ့။ ​ကောက​ရှောင်​ကျန့်​ကိုမြင်​သွား​တော့ ကျစ်​သပ်​လိုက်​ပြီး ​ရှောင်​​ကျန့်​ရှိရာ​ရောက်​လာ
တယ်​။
"မင်းကိုလမ်းခွဲပြီးပြီမဟုတ်​လား
ဘာကိစ္စ​ရောက်​လာတာလဲ"
ဒေါသကထိန်းမရ​အောင်​ထွက်​လာ​တော့သည်​ ဘာလဲ ခြံခုန်​နွားကိုလူပြန်​ဟစ်​​နေတာလား ဟက်​! ​ရှောင်​ကျန့်​တို့က မာနကိုထိရင်​ ဘယ်​လိုလူမှငြိမ်​မခံဘူး ဒီခြံခုန်​နွားကို​ရောငြိမ်​ခံစရာလား ​ဆောရီးပဲ။
"​အစက​တော့ အ​ကြောင်းပြချက်​တိတိကျကျလာ​မေးတာပဲ
အခု​တော့မလို​တော့ဘူး ထင်​မထားဘူး​နော်
ခြံခုန်​နွားဖြစ်​​နေတာပဲ အဟက်​!"
"ဘာ!!! မင်း"
ရှောင်​ကျန့်​ အင်္ကျီကိုဆွဲဖို့လုပ်​​​နေတဲ့လူ​ကြောင့်​ အမြန်​​နောက်​ဆုတ်​လိုက်​တယ်​။