Arc 9.3 ~Min JiJeon~
2.8K 273 7
Unicode
ဂျီဂျွန် ဂျုံဟာနှင့်အတူ ခေါင်ဖျားတဲ့ဒေသလေးကိုရောက်နေကြတာဖြစ်သည်။ လမ်းမကြမ်းပေမဲ့ခရီးရှည်လာခဲ့ရတာကြောင့် ရောက်ကတည်းကအနားယူမိတာနောက်နေ့မနက်မှနိုးလာတော့သည်။
"နိုးပြီလား ကလေး"
"ဟုတ် လူကြီး"
"ကိုယ်မနက်စာယူလာတယ် ရေအရင်သွားချိုးလိုက်ပြီးရင်ဒေသထဲလျှောက်ကြည့်ပြီးလိုအပ်တာတွေညွှန်ကြားရမယ်"
"ဟုတ်"
မနက်၁၀ နာရီလောက်ရောက်မှသူတို့အတူမြို့လေးထဲပတ်ကြည့်ကြသည်။ ခေါင်ဖျားတဲ့ဒေသလေးဖြစ်တာကြောင့် မြို့ကြီးမှာလိုစိုစိုပြေပြေမရှိလှပေမဲ့ လူတိုင်းဟာအပြုံးကိုယ်စီဖြင့်အလုပ်လုပ်နေကြသည်။ ဖော်ရွေပျူငှာကြပြီး ဧည့်ဝတ်လည်းကျေကြသည်။ မြို့ကြီးကလူတွေလိုဟန်ဆောင်ခြင်းနည်းပြီး စစ်မှန်ကြတာကြောင့် ဂျီဂျွန်ဒီဒေသလေးကိုတွယ်တာမိလာသည်။
"ပင်ပန်းနေပြီလားကလေး"
"ဟင့်အင်း ပျော်တယ်"
ဂျုံဟာမနက်ကတည်းကလူတွေကိုပြုံးပြုံးရွှင်ရွှင်လိုက်နှုတ်ဆက်ပြီးကူညီပေးနေတဲ့ဂျီဂျွန်ကိုကြည့်ပြီး သဘောကျနေမိသည်။ မြို့ကြီးကလာတဲ့သူဆိုပြီး ဟိတ်ဟန်မရှိဘဲ တရင်းတနှီးလိုက်လံကူညီပေးနေပုံကတကယ်ကိုချစ်စဖွယ်အတိ။ နေ့လည်ရောက်နေပြီဖြစ်တာကြောင့် ဗိုက်ဆာမည်စိုး၍ခပ်လှမ်းလှမ်းမှာမြင်နေရတဲ့စားသောက်ဆိုင်လေးကိုသွားဖို့ပြောမိတော့ ဗိုက်ဆာနေတာအတော်ပဲဆိုပြီးရှေ့ကပြေးသွားတဲ့ကောင်လေးကြောင့်အနောက်ကအမြန်လိုက်ရပြန်သည်။
"ဆူရှီသုံးပွဲနဲ့ခေါက်ဆွဲသုံးပွဲပေးပါဗျ"
"အေးအေးသားလေး ခဏစောင့်နော်"
"ဟုတ်ကဲ့ဗျ"
ဂျုံဟာသုံးပွဲဆီမှာနေတဲ့ကောင်လေးကြောင့်နည်းနည်းတွေဝေသွားသည်။ သူတို့လာတာနှစ်ယောက်တည်းမဟုတ်လား ဒီကောင်လေးကျွေးချင်တဲ့သူများရှိနေတာလား။
"ကလေး"
"အွန်း"
"ဘာလို့သုံးယောက်စာမှာနေတာလဲ"