Arc 4.2 ~Yu Min~
4.7K 415 14
Unicode
"ချန်ဝေကော ချောင်လုံဆိုတဲ့ကောင်ရဲ့နောက်planကဘယ်Groupနဲ့လဲ"
"တိတိ အဲ့လုပ်ငန်းစုကကောတို့အသိ မျက်နှာပျက်စရာတော့မဖြစ်စေနဲ့"
"အချက်လက်တွေသာပို့လိုက် အဲ့လုပ်ငန်းစုကိုမထိခိုက်စေရဘူး တိရဲ့ပစ်မှတ်ကချောင်လုံနဲ့သူ့ဘေးကမိန်းမပဲ"
"တိ ယွီမင်ရဲ့သူငယ်ချင်းလေးကိုတွေ့ခဲ့ပြီး အခြေနေကတော့ဆိုးဆိုးရွားရွားပဲ ဆရာဝန်ပြောတာတော့တစ်ပတ်လောက်သတိရလာဖို့မရှိဘူးတဲ့"
ချန်လင်သူ့ကောရဲ့မျက်နှာကိုမော့ကြည့်လိုက်တော့ ဒေါသအရိပ်ယောင်ကသူ့ထက်ပိုနေသယောင် ဟက်! ကောရာကော ခုချိန်ထိမမေ့နိုင်သေးဘူးပဲ။
"ကောအနားယူလိုက်တော့ ကျန်တာတိစီစဥ်လိုက်မယ်"
"ရတယ် ကော ချောင်လုံအခုလုပ်နေတဲ့planတွေကိုဖျက်မှာမို့နားလို့မဖြစ်သေးဘူး"
"အင်း"
ချန်ဝေသူ့ညီနဲ့စကားပြောပြီး ယွီမင်ရဲ့အခန်းထဲကိုဝင်သွားပြီး အိပ်ပျော်နေတဲ့ကောင်လေးကို နှဖူးလေးတစ်ချက်နမ်းပြီးပြန်ထွက်သွားတယ်။ မျက်နှာချင်းဆိုင်ကအခန်းကိုမဖွင့်ခင်မှာ သူ့ရင်ခုန်သံတွေခဏတာရပ်တန့်သွားတယ်။ အားယူပြီးဖွင့်ကြည့်လိုက်တော့ ပတ်တီးအဖွေးသားနဲ့ကောင်လေးကိုတွေ့တော့ မျက်ဝန်းထဲကမဖိတ်ခေါ်တဲ့ဧည့်သည်ကကြွေဆင်းလာသည်။ သူ့မျက်နှာကိုကိုင်ကြည့်ပြီး နာကျင်စွာပြုံးမိပါရဲ့။
"ဟက်! မကျဖြစ်တာ ကြာလို့မရှိတော့ဘူးထင်နေတာ မင်းကိုတွေ့တော့....ဟက်!"
ကုတင်ပေါ်ကကောင်လေးနား တဖြေးဖြေးတိုးကပ်သွားပြီး နှုတ်ခမ်းလေးကိုဖွဖွလေးထိကပ်လိုက်ပြီး ခပ်တိုးတိုးလေးပြောမိပြန်တယ်။
"သိပ်လွမ်းနေခဲ့တာ baby"
ကုတင်ဘေးကဆိုဖာပေါ်ထိုင်ရင်း ချောင်လုံအတွက်အစီစဥ်ဆွဲရပြန်သည်။ ဟက်! လူတွေကအရူးတွေလိုပဲ ကုလုပ်ငန်းစုရဲ့ဆက်ဆံသူကိုအသဲသန်သိချင်နေကြတယ်။ ဒါကြောင့်ပဲထင်တယ် သူတို့အဖေကငယ်ငယ်ကတည်းကသူတို့ကိုဝေခွဲမရအောင်လုပ်ပေးခဲ့တာ လုပ်ငန်းစုမှာဆိုရင်လဲ အလုပ်ခွင်ထဲသွားတိုင်းမျက်နှာဖုံးအမြဲစွတ်ထားလို့ ဘယ်သူကCEOလဲဆိုတာ သိတဲ့သူကလက်တစ်ဖက်တောင်မပြည့်ချင်ဘူး။