Arc 9.8 ~Min JiJeon~
2.1K 180 3
Unicode
ဂျီဂျွန်အမဲရောင်မြူတွေဆိုင်းကာ ခြောက်ခြားခြင်းတွေပြည့်နက်နေတဲ့နယ်မြေတစ်ခုရဲ့အဝင်ဝတွင်ရပ်နေလေသည်။ သူသိသည် အကယ်၍သူသာဂျုံဟာကိုရှာမတွေ့ခဲ့ရင်သူလည်းဒီနေရာကနေပြန်ထွက်ဖို့ခဲယဥ်းလိမ့်မည်။ သူမပြန်နိုင်ရင်တောင်ရှီကျွင်းကိုတော့အပြင်ထွက်နိုင်အောင်အစွမ်းကုန်ကူညီပေးမှာဖြစ်သည်။
"ရှီကျွင်း ငါတို့ချီတက်ကြတာပေါ့"
"ငါမင်းကိုကာကွယ်ပေးမှာပါ"
ရှီကျွင်းကိုပြုံးပြလိုက်ပြီးမဟူရာမြူငွေ့နေမြေထဲကိုဝင်လာခဲ့ကြသည်။ ဝင်ရောက်စမှာ ချိတ်စည်းတစ်ခုပျက်ပြယ်သွားပြီး ဂျီဂျွန်လည်ပင်းကမြကျောက်ကလင်းလက်လာပြီး ဆွဲကြိုးမှကွဲထွက်ကာအရှေ့ကနေဦးဆောင်လာပြပေးနိုင်တဲ့အရွယ်အစားအထိကြီးမားလာပြီး ဂျီဂျွန်ကိုလမ်းပြသည်။ သူတို့ဆက်လျှောက်လာကြရင်း ပိုမိုမှောင်မိုက်တဲ့နယ်မြေအပိုင်းကိုရောက်လာချိန် သူတို့ကိုစွမ်းအားတစ်ခုကတွန်းထုတ်လိုက်သည်။
"ဘယ်သူလဲ ဘာကိစ္စကျူးကျော်လာတာလဲ"
ဩရှရှအသံက ဂျီဂျွန်ရောရှီကျွင်းကိုပါအံ့အားသင့်စေခဲ့သည်။ ဂျီဂျွန်မျက်ဝန်းတွေထဲမျက်ရည်တွေဝဲတက်လာခဲ့သည်။ ဒီအသံကိုသူဘယ်တော့မှအမှတ်မမှားနိုင်။ ထိုအချိန်မှာပဲ အဖြူနဲ့အမဲရောစပ်ထားတဲ့ဝတ်ရုံရှည်နဲ့ ဝမ်ရိပေါ်ဟာသူတို့အရှေ့မှာပေါ်လာခဲ့သည်။ ဟုတ်ပါတယ် ဂျုံဟာမဟုတ်တော့ဘဲရိပေါ်ရဲ့အသွင်အပြင်နဲ့ဖြစ်နေတဲ့ကောင်းကင်အရှင်ဟာ မျက်ဆံတွေကတော့နီရဲနေလေသည်။
ဂျီဂျွန်ထိုင်နေရာကထလိုက်ပြီး ဝမ်ရိပေါ်ကိုကြည့်လိုက်တော့ မျက်ဝန်းတွေဟာပုံမှန်မဟုတ်သလို ဝတ်ရုံပေါ်ကအမဲရောင်မှာလဲပုံမှန်မဟုတ်ဘဲ သူသိရသလောက်ကောင်းကင်အရှင်ဟာအနက်ရောင်ကိုဝတ်ရတာမနှစ်သက်ပေ။
"အရှင်~"
ဂျီဂျွန်ကဝမ်ရိပေါ်ရဲ့မျက်နှာကိုထိတွေ့ရန်လက်လှမ်းလိုက်ပေမဲ့ ဝမ်ရိပေါ်ကသူ့ကိုမေ့နေဟန် တွန်းထုတ်ကာ တိုက်ခိုက်ခဲ့သည်။ ရုတ်တရက်မို့ရှောင်ချိန်မရလိုက်ဘဲ ထိခိုက်သွားကာလဲကျသွားခဲ့သည်။ ထိုအချိန်ဂျီဂျွန်လက်ကနဂါးမဲလေးကအသက်ဝင်လာပြီးဂျီဂျွန်ရှေ့တွင်ရပ်ကာ ကာကွယ်ပေးသည်။