Arc 8.7 ~Thakhin~
3.2K 262 25
Unicode
[အိမ်ရောက်ကတည်းက စက်တော်ခေါ်နေတဲ့ သခင့်အနမ်းမင်းကြီးဘုရား နောက်တစ်နေ့ကူးလို့နေပြူးပြူးထွက်ပြီဖြစ်ပါ၍ သေရာမှထတော်မူပါဘုရား]
မနေ့ညကပြန်ရောက်ကတည်းက ဝိုင်အရှိန်နဲ့မူးပြီးအိပ်ပျော်သွားတဲ့သခင့်အနမ်းမှာ မနက်စောစောစီးစီးသာလိကာသံနဲ့ ချိုသာတဲ့နှိုးဆော်မှုကြောင့် နှောက်နေသည့်ခေါင်းပါ ကြည်သွားတော့သည်။
*Bi**h son စောစောစီးစီးကျက်သရေတုံးသံနဲ့*
[အချိန်လေးဘာလေးကြည့် ၉နာရီထိုးနေပြီလူထချိန်ကျော်နေပြီ ကိုယ်စောင့်နတ်တော့နတ်သဘင်မသွားရလို့ငိုနေလောက်ပြီ]
*ဟ! သူ့ဘာသာသွားရတာလေ ငါလိုက်ပို့ရတာမှမဟုတ်တာ သွားပေါ့မဟုတ်လည်းငါကအိပ်နေတာငါ့အိမ်မှာပဲလေ*
[အားလျန်လေးစွံအသွားသောခဏတာ နှုတ်ခမ်းပိတ်အင်မိုဂျီ]
*အရူးကတစ်မျိုး*
သခင့်အနမ်းသူအိပ်နေတဲ့ဘေးကိုကြည့်လိုက်တော့မင်းရတုပိုင်ကိုမတွေ့တာကြောင့် ရေမြန်မြန်ချိုးပြီးအောက်ထပ်ဆင်းလာတော့ ထမင်းစားပွဲမှာ မနက်စာအဆင်သင့်ပြင်ပြီးသူ့ကိုပြုံးပြနေသည်။
"မောင်ရုံးမသွားဘူးလား"
"ဒီနေ့တရားရုံးသွားရမယ်လေ အမှုကမနေ့ကတည်းကဖွင့်လိုက်ပြီးသား"
"ဟုတ်သားပဲ ဘယ်အချိန်လဲမောင်"
"နေ့လည်မှပါ"
"မောင်သားရော မေမေတို့ဆီကနေပြန်မလာသေးဘူးလား တစ်ပတ်ကျော်နေပြီ လွမ်းလာပြီ"
"တရားရုံးကအပြန်ဝင်ခေါ်ကြတာပေါ့"
"အင်း"
At Court.....
"မောင် မုန်းမမှီဘက်ကရှေ့နေကဘယ်သူလဲ"
"မလိုက်ပေးရဲကြဘူး တက်လာတဲ့သတင်းတွေကြောင့်ရော မောင့်ရဲ့ရှေ့နေကိုမရင်ဆိုင်ရဲကြတာရောကြောင့်လေ"
"ဪ"
သက်သေခိုင်လုံတာကြောင့် တရားသူကြီးကအမိန့်တန်းချပေးလိုက်သည်။ ထောင်ဒဏ်၅နှစ်အမိန့်ချပေးလိုက်ပြီး အယူခံဝင်ခွင့်တော့ပိတ်ပင်လိုက်သည်။ ဒါကမုန်းမမှီအတွက်အသက်ညှာဆုံးအပြစ်ဒဏ်တစ်ခုဖြစ်လိမ့်မည်။