Arc 6.3 ~Yan~
3.9K 375 33
Unicode
တိမ်လွှာထက်ယံ မနက်ကတည်းကအလုပ်များနေတာဖြစ်သည်။ မင်းအက္ခရာ companyသွားကတည်းက မင်းအိန္ဒြာယံကိုကျောင်းသွားပို့ပြီးအပြန် မူလတိမ်လွှာထက်ယံရဲ့မှတ်ဥာဏ်တွေကိုပြန်လေ့လာကြည့်မိတော့ သူကဒီဇိုင်းနာပညာရပ်ကိုဝါသနာပါသူဖြစ်ပြီး ပါရမီလည်းရှိသည်။ မင်းအက္ခရာနဲ့လက်ထက်လိုက်ရတာကြောင့်ဝါသနာကိုစွန့်လွှတ်ပြီး အိမ်မှုကိစ္စနဲ့မင်းအက္ခရာရဲ့ဝေယာဝိစ္စတွေကိုတာဝန်ယူခဲ့တာဖြစ်သည်။ တိမ်လွှာထက်ယံက မင်းအက္ခရာကိုစတွေ့ကတည်းကချစ်မိခဲ့တာဖြစ်ပေမဲ့ အေးဆေးနေတတ်သူပီပီဖွင့်မပြောသလို သူတို့ဆက်ဆံရေးကိုလဲအခွင့်ရေးမယူခဲ့ပေ။
*ဟင်းးးးး တရားသမားလား တိမ်လွှာထက်ယံရယ် တကယ်ပါပဲ ငါနဲ့ဆီနဲ့ရေပါပဲလား*
[Hostကရေသိလား သွက်သွက်လက်လက်နဲ့လွတ်လပ်မှုရှိတယ်]
*အေးနော် ဆီကချွဲပစ်ပစ်နဲ့လေးပင်နေတာ ငါလေးကရေပဲဖြစ်မှာ မင်းတော်သွားပြီအားလျန်*
[ဟဲဟဲ ဒါနဲ့Hostဘာဆက်လုပ်မလဲ]
*ဇာတ်လိုက်မတို့အကြောင်းကငါစာမဖွဲ့ဘူး အခုလောလောဆယ် အောင်မြင်တဲ့ဒီဇိုင်းနာဖြစ်ဖို့ကြိုးစားရမယ် သူ့မှာလဲဆန္ဒရှိခဲ့မှာပဲ*
[ဟုတ် Host ဒါဆိုဇာတ်လိုက်ကိုအကူညီတောင်းကြည့်ပြီး သူ့companyမှာဝင်လုပ်ကြည့်ပါလား]
*ဟုတ်သားပဲငါမတွေးမိဘူး သူ့ဆီလိုက်သွားပြီးပြောရမယ် နေဦး နေ့လည်စာချက်သွားပေးလိုက်မယ်*
နေ့လည်စာကို မင်းအက္ခရာကြိုက်တတ်တဲ့ဟင်းတွေချည်းပြင်ဆင်လိုက်ပြီး ပန်းသီးနဲ့စပျစ်သီးတစ်ချို့ပါအချိုတည်းဖို့ယူလိုက်ပြီး မင်းအက္ခရာရဲ့companyကိုထွက်လာခဲ့လိုက်တော့သည်။
တစ်ဖက်မှာစာသင်နေရင်း သူ့Hostနဲ့စိတ်ချင်းဆက်သွယ်ထားသည့်အားလျန်မှာလဲ အခုမှပဲနားညီးသက်သာတော့သည်။
Companyကိုရောက်တော့ ဧည့်ကြိုကောင်တာကိုတန်းသွားလိုက်သည်။ companyကိုတစ်ခါမှလိုက်လာခြင်းမရှိသလို လက်ထက်ပွဲကိုလဲကြီးကြီးမားမားမကျင်းပခဲ့တာကြောင့် မင်းအက္ခရာရဲ့အတွင်းရေးမှူးကလွဲရင် တိမ်လွှာထက်ယံကိုသိတဲ့သူမရှိပေ။