Arc 10.5 ~Azalea~
1.9K 203 10
Unicode
အချိန်တစ်လကုန်သွားခဲ့ပြီ Zaneကလဲအလုပ်ကိစ္စနဲ့Spainကိုရောက်နေခဲ့တာလဲတစ်လရှိပြီဖြစ်သည်။ သူ့ကိုဇွတ်ခေါ်ခဲ့ပေမဲ့ သူကိုယ်တိုင်ကလိုက်မသွားခဲ့ဘဲ သူပိုင်တဲ့ကိတ်မုန့်ဆိုင်လေးကိုအောင်မြင်အောင်ကြိုးစားခဲ့တာ တစ်လအတွင်းမှာပဲလူသိများလာပြီး ဆိုင်ခွဲလေးနောက်တစ်ခုထပ်ဖွင့်နိုင်ခဲ့သည်။ အခုချိန်ထိZaneကဒီဆိုင်ကိစ္စကိုမသိသေးပေ။ သူကိုယ်တိုင်ကလဲအသိမပေးချင်သေးတာဖြစ်သည်။
[Host မကောင်းတော့ဘူး]
*ဘာဖြစ်လို့လဲ အားလျန်*
[လိုင်းဖွင့်ကြည့်လိုက်Host]
Azalea လိုင်းဖွင့်ကြည့်လိုက်တော့ Zaneနဲ့Jennaရဲ့သတင်းကပြန့်နေတာဖြစ်ပြီး Spainကို weddingအတွက်ပြင်ဆင်ဖို့သွားတယ်ဆိုတဲ့ခေါင်းစီးနဲ့အတူ Zaneနဲ့ဖJennaရဲ့ပုံရိပ်တစ်ချို့တက်လာတာဖြစ်သည်။ USကိုအလုပ်ကိစ္စနဲ့သွားတာသိပေမဲ့Jennaပါသွားတာကိုသူမသိခဲ့တာဖြစ်သည်။ Zaneကိုဖုန်းဆက်ရန်ပြင်နေချိန်မှာပဲ Hotelအခန်းတစ်ခုထဲမှာZaneကအပေါ်ပိုင်းအဝတ်ဗလာဖြင့်ရပ်နေပြီး Jennaက ပုဝါတစ်ခုကိုခြုံထားပုံရကာ Zaneကိုအနောက်ကနေသိုင်းဖက်ထားသည့်ပုံတက်လာသည်။ ခေါင်းစဥ်ကိုကြည့်လိုက်တော့ Z Companyရဲ့ဥက္ကဋ္ဌနှင့်သူ၏ဇနီးလောင်းရဲ့စွဲမက်ဖွယ်ပုံရိပ်ဟုဖော်ပြထားလေသည်။
*တောက်! Zane ဒီတစ်ခါတော့ငါခွင့်လွှတ်မှာမဟုတ်ဘူး*
"Hello Zayn ကျွန်မကိုUSအတွက်လက်မှတ်ပြင်ဆင်ပေးပါ"
"....."
"ကောင်းပြီ ညနေကြလာခေါ်ပေးပါ"
အားလျန်သူHostရဲ့ပုံစံကိုကြည့်ကာညိမ်နေလိုက်သည်။ ဒီအချိန်သာစကားများမိရင် သူ့Hostဒေါသကသူ့ဘက်ကိုဦးတည်လာနိုင်တာကြောင့်ပင်။
Azaleaညနေလေယာဥ်နဲ့Spainကိုချက်ချင်းလိုက်သွားခဲ့သည်။ ဟိုကိုရောက်တော့ Zaynသူငယ်ချင်းရဲ့Hotelမှာတည်းခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် Zaneနဲ့Jennaကလည်းထိုHotelမှာပဲတည်းနေကြောင်းအားလျန်ကြောင့်သိလိုက်ရသည်။
*တွေ့ကြသေးတာပေါ့ Zaneနဲ့Jenna*
Floraလေးကိုပါခေါ်လာခဲ့တာဖြစ်တာကြောင့် Zaneတို့ကိုအားလျန်ကိုသာစောင့်ကြည့်ခိုင်းထားရသည်။ အားလျန်ပြောပြချက်အရ Zaneကဒီကိစ္စတွေဖြစ်နေတာကိုသိသေးပုံမရပေ။ ဘာပဲဖြစ်ဖြစ် ရှင်းစရာရှိတာကိုတော့ရှင်းရမှာပဲဖြစ်သည်။