Arc 10.3 ~Azalea~
1.8K 194 27
Unicode
Zaynနဲ့ချိန်းထားတဲ့ကော်ဖီဆိုင်ကိုရောက်တော့ Zaynကသူ့ထက်အရင်ရောက်နှင့်နေသည်။
"စောင့်ရတာကြာသွားလား Zayn"
"မကြာပါဘူး Azaleaကကိုယ့်ကိုဘာကြောင့်တွေ့ချင်တာလဲ"
"Zane ကျွန်မကိုဘာကြောင့်လက်ထက်တယ်ဆိုတာရှင်သိမှာပါ"
"အင်းကိုယ်သိတယ်"
"သူကရှင့်ကိုအနိုင်လိုချင်လို့လက်ထက်ခဲ့ပေမဲ့ ကျွန်မကတော့သူ့ကိုချစ်လို့လက်ထက်ခဲ့တာ"
"Azalea..."
"ကျွန်မရှင့်ဆီကအကူအညီတစ်ချို့လိုအပ်တယ်"
"ကိုယ့်ဘက်ကတတ်နိုင်သမျှကိုယ်ကူညီပေးမှာပါ"
"ဟုတ်ပြီ ဒါဆိုရင်ကျေးဇူးတင်ပါတယ် Zayn"
"ကိုယ်ကသာကျေးဇူးတင်ရမှာပါ"
"မလိုပါဘူး လူတစ်ယောက်ကိုချစ်တယ်ဆိုတာကကိုယ့်လွတ်လပ်ခွင့်နဲ့ကိုယ်ပဲလေ မချစ်ပါနဲ့လို့ပိတ်ပင်လို့ရတဲ့အရာမှမဟုတ်ဘဲ ကိုယ့်ကိုမထိခိုက်သ၍အဲ့အချစ်ကိုမသိချင်ယောင်ဆောင်ပြီးအဲ့ဒီ့လူကိုဆက်ခင်လို့ရသေးတယ် ထိခိုက်လာမှသာစိတ်တိုဒေါသထွက်သင့်တာ Zaynကကျွန်မကိုချစ်ပေမဲ့ကျွန်မစိတ်အနှောက်ယှက်ဖြစ်အောင်ဘယ်တော့မှမလုပ်ခဲ့ဖူးတဲ့အတွက် ကျွန်မအမြင်မှာဒီကိစ္စနဲ့ပတ်သက်ပြီးလဲ Zaynကိုစိတ်တိုဖို့မလိုအပ်ဘူး Zaneရဲ့အတွေးကသာကျွန်မကိုထိခိုက်စေတာ ဒါကလဲသူ့အမှားလို့မဆိုသာဘူးလေ Zaynတို့အဖေရဲ့မှားယွင်းတဲ့လုပ်ရပ်တစ်ချို့ရဲ့ရလဒ်ဖြစ်လာတာကြောင့်ပဲ"
စကားအများကြီးပြောလိုက်ရတာကြောင့် မောသွားပုံရကာ coffeeသောက်ရင်းအမောဖြေနေတဲ့ Azaleaကိုကြည့်ပြီး Zaynအားနာမိသလို နှမြောတသလည်းဖြစ်ရသည်။ သူမဟာ Zaynမြတ်နိုးရတဲ့သက်ရှိကြွေရုပ်ကလေးပင်။ အခုချိန်မှာတော့ ခူးဆွတ်ခွင့်မရနိုင်တဲ့ကြယ်ကလေးတစ်ပွင့်ပေါ့။
"Azalea လိုအပ်တဲ့အချိန်အကူညီတောင်းလိုက်ပါ ကိုယ့်ဘက်ကမင်းအပေါ်ကိုယ့်ညီငယ်ရဲ့အပြုအမူတွေအတွက်လည်းတောင်းပန်ပါရစေ"
"ရပါတယ် ဒါတွေကိုကျွန်မပြန်မပြောချင်တော့ဘူး အခုလောလောဆယ် ကျွန်မအတွက်မြေကွက်တစ်နေရာလောက်ရှာပြီး ဆိုင်ခန်းတစ်ခုဆောက်ပေးနိုင်မလား ကျွန်မအရင်လိုကိတ်မုန့်ဆိုင်လေးပြန်ဖွင့်ချင်တယ်"