Arc 4.8 ~Yu Min~
3.6K 341 14
Unicode
(တီတီတီ....)
"ဟယ်လို"
"ကလေးလေး"
"အင်း"
"စိတ်ဆိုးနေတုန်းပဲလား"
"....."
"ကိုယ်တောင်းပန်ပါတယ် ကိုယ်အခုအဲ့မိန်းမကိုဖမ်းထားတယ် ကလေးကပြန်လာပြီးကိုယ့်အနားလာနေပါ ကိုယ်ကလေးကိုသိပ်လွမ်းတယ်"
"ဒီကိစ္စတွေပြီးမှ ကုအိမ်တော်ကိုပြန်လာနိုင်မယ်
ပြောစရာကုန်ပြီမလား ဖုန်းချလိုက်တော့မယ်"
ဖုန်းချသွားသည့်တိုင် ချန်လင်ဖုန်းကိုပဲစိုက်ကြည့်နေမိသည်။ ဒီကောင်လေးကချော့ရခက်လိုက်တာ စိတ်ဆိုးရက်နိုင်တယ် ခက်တာကသူမချော့တတ်တာပဲ မင်းလေးနဲ့တော့ခက်ပြီကလေးရာ။
ယွီမင်ကတော့သူ့အကြံနဲ့သူကြိတ်ရယ်နေတော့သည်။ တကယ်ကသူစိတ်ဆိုးပြေသွားပါပြီ သက်သက်ယုတ်မာချင်လို့ကိုအကျင့်ယုတ်နေတာဖြစ်သည်။ ဟုတ်တယ်လေ သူပဲပေးချင်တဲ့အပြစ်ပေးပါဆို အဲ့ဒါကြောင့်အပြစ်ပေးတာ။
*အားလျန် အရင်ကမ္ဘာတွေမှာတုန်းက missionတစ်ခုcompleteဖြစ်ရင် အသိမပေးပါဘူး ဒီတစ်ခါမှထူးထူးဆန်းဆန်းပါလား*
[အဲ့ဒါက Missionကလျို့ဝှက်ချက်ပါနေလို့လေ ကျစ်လော့ရဲ့ချစ်သူကောင်လေးလို့ပြောထားပေမဲ့ တကယ်တမ်းက ချစ်သူကောင်မလေးကိုကယ်ရတာလေ]
*မင်းတို့အထက်ကိုငါပါးဖြတ်ရိုက်ချင်နေတယ်လို့ပြောရင် မင်းယုံမလား*
[ဟဲဟဲ မလုပ်ကောင်းဘူးလေ စိတ်လျော့ပါဗျာ]
*မင်းလဲအထက်ကိုအပြောမခံဘူး အထက်လူကြီးကိုများကြိုက်နေသလားမသိ*
[ဟာဗျာ ဘယ်ကသာ လိမ်ပြောရင်အထက်လူကြီးနဲ့ညားရပါစေဗျာ တကယ်မကြိုက်ပါဘူး]
*ဪ အေးအေး ယုံပေးမယ်သိလား*
[ဟဲဟဲ]
(ဒေါက်ဒေါက်ဒေါက်)
"ယွီမင် ငါဝင်ခဲ့မယ်နော်"
"အင်းရှင်းအာ"
ရှင်းအာလက်ထဲမှာ ဖိုင်တွဲတစ်ချို့ကိုင်ပြီး ယွီမင်အခန်းထဲဝင်လာခဲ့သည်။ ရှင်းအာက တကယ်ချစ်တတ်ပါပေတယ်။ မိန်းကလေးဆိုပေမဲ့သူ့ချစ်သူအတွက်လုပ်ပေးတဲ့နေရာမှာ ယောကျာ်းလေးတွေထက်တောင်ပိုလုပ်ပေးနိုင်သေးတယ်။ ဘယ်လိုမိန်းကလေးကလူတစ်ယောက်အတွက် ဇိမ်ခံအိမ်ပေါ်ကဆင်းပြီး အသက်ကိုလောင်းကြေးထပ်ပြီးရန်သူ့အဖွဲ့ထဲဝင်ရဲမှာတဲ့လဲ။ သေချာပေါက်သူ့အချစ်က စစ်မှန်ပြည့်စုံနေမှဖြစ်နိုင်မှာလေ။