Arc 3.3 ~Bai Xie~
5.3K 494 22
Unicode
(I've been running through the jungle I've been running with the wolves...........
To get to you, to get to you....)
"ဟယ်လို"
"ကိုယ်ပြောနေတာ"
"လျိုသခင်ကြီး"
"အင်း... မနက်ကြလာခေါ်မယ် ဝတ်စုံနဲ့ လက်စွပ်ရွေးဖို့ ဖိတ်စာကဒီနေ့ညနေကဝေလိုက်ပြီ"
"အာ...weddingက..."
"သဘက်ခါ ပြောစရာကုန်ပြီ"
(တီ....)
"အလကားလူကြီး လူကိုလာပြီးအထက်စီးဆန်ပြနေတယ်.....အားလျန်"
[ဝါးးးးးးးး ရှိပါတယ်Host]
"မင်းလဲ အားနေအိပ်နေလိုက် ထားတော့
weddingကအရမ်းမြန်မနေဘူးလား ဇာတ်ကြောင်းအရဆိုရင် လိုသေးတယ်လေ"
[ဟုတ်တယ်လေ အခုဆောင်ဆိုလည်းဆောင်လိုက်ပေါ့ ဘာများကွာမှာလဲHostရယ်]
"မြန်မြန်ဆောင်တော့ ငါ့ချစ်သောနဲ့မြန်မြန်roရတာပေါ့ ဟီးးးးး"
[Hostလည်း အားနေနှာထနေလိုက်]
"အားလျန် မင်းသိလား"
[ဘာကိုလည်းHost]
"မင်းသာ ပုံသဏ္ဍာန်ရှိရင် ငါအားတိုင်းကိုင်ပေါက်မိမှာဆိုတာ"
[ဟဲဟဲ Hostကလည်း စတာကို]
"အားလျန် ဟိုမိန်းမဘက်ကဘာတွေအကွက်ချနေလဲ"
[မနက်ဖြန်ကြ လျိုစစ်မင်ကိုနောက်ယောင်ခံလိုက်ပြီး မတော်တဆတွေ့သလိုလုပ်ပြီးချဥ်းကပ်မှာပါ]
"ဟ! ကလေးကွက်လေးတွေနဲ့ကွာ တွေ့ကြသေးတာပေါ့ ဟင်းဟင်းးးးးးးး"
[Host အပြုံးကြီးကလည်း ကြက်သီးတောင်ထတယ်]
"ဒီလောက်ကြည့်ကောင်းတဲ့အပြုံးကို"
[အကြောင်းသိနေတော့ ကြည့်ကောင်းမနေဘူး ဟွန့်]
"ဟားဟားးးးးးးး"
ပိုင်ရှဲ့ကရယ်ရယ်မောမောနဲ့ အိပ်ရာဝင်သွားပေမဲ့ လျိုစစ်မင်ကတော့ လျိုအိမ်တော်ရဲ့စာကြည့်ခန်းထဲမှာ အငြိုးကြီးစွာနဲ့ ပိုင်ရှဲ့ဓာတ်ပုံတွေကို အပိုင်းပိုင်းဖြစ်အောင် ဖျက်ဆီးပစ်နေသည်။
"ချင်းပိုင်ရှဲ့! မင်းကြောင့်ငါ့မိဘတွေငါ့ကိုထားသွားတာ မင်းကြောင့် ဒီလောကထဲမှာငါတစ်ယောက်ထဲဖြစ်ခဲ့ရတာ အားလုံးမင်းကြောင့် မင်းကိုသေတာထက်ဆိုးတဲ့ဘဝကိုငါပို့ပြမယ် အဟက်!"