Arc 9.7 ~Min JiJeon~
2.4K 214 15
Unicode
ရှောင်ကျန့် မထင်မှတ်ပဲဆိုရာရဲ့ဆွဲချခြင်းခံလိုက်ရပြီးပြုတ်ကျသွားချိန် သူ့ဝိညာဥ်ကိုလည်းတစ်စုံတစ်ရာကဆွဲခေါ်သွားခြင်းခံလိုက်ရသည်။ သူရောက်သွားတာspaceမဟုတ်ပေမဲ့ထိုကဲ့သို့ဟင်းလင်းပြင်တစ်ခုသာ သို့သော်ဤနေရာတွင်အမဲရောင်မြူတွေရစ်ဆိုင်းနေလေသည်။
"ဒါကဘယ်လိုနေရာမျိုးလဲ"
ရှောင်ကျန့်ရှေ့နောက်ဘေးဘီဝဲယာလျှောက်သွားကြည့်ပါသော်လည်းဘာမှရှိမနေတာကြောင့်စိုးရိမ်စပြုလာသည်။ ဒီအရာကကောင်းသောအရာတော့မဟုတ်တန် အဆိုးဟုလည်းမဆုံးဖြတ်နိုင်သေးတာကြောင့်ပိုစိုးရိမ်နေမိသည်။
"ရှောင်ကျန့် ရှင်ကသေပြီးတာတောင်ကျွန်မအတွက်စူးခလုတ်ဖြစ်နေတုန်းပဲ"
"ဘယ်သူလဲ ဘယ်ကပြောနေတာလဲ"
"ရှင့်လိုအစွမ်းတွေဆုံးရှုံးထားတဲ့သူကကျွန်မကိုသိဖို့အဆင့်နိမ့်လွန်းတယ်"
"လေနတ်သမီး မင်မေ့ယွဲ့"
"အိုး ရှင်ကသိနေတာပဲ"
"အဟက်! ဘာလဲအခုထိကောင်းကင်အရှင်ရဲ့အပယ်ခံဖြစ်နေလို့ ငါ့ကိုလာထိခိုက်တာလား"
"ရှင်စကားတတ်တိုင်းလျှောက်ပြောမနေနဲ့ အရှင်ကကျွန်မကိုချစ်လာစေရမယ်"
"အဟင်း ဒါဆိုလဲကြိုးစားလိုက်ပါအုံး"
"တောက်!!!"
လေနတ်သမီးရဲ့အငွေ့အသက်တွေပျောက်သွားတာနဲ့ရှောင်ကျန့်ရဲ့မျက်လုံးတစ်ဖက်က အပြာရောင်သို့ပြောင်းလဲသွားကာ လေနတ်သမီးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေမှတ်မိသွားလေတော့သည်။
"ဟက်! မင်မေ့ယွဲ့ ငါပြန်လာတဲ့နေ့မင်းသေနေ့စေ့ပြီ"
ရုတ်တရက်သူ့အနားကိုအမဲရောင်မြူခိုးတွေရစ်သိုင်းလာတာကြောင့်စိုက်ကြည့်လိုက်တော့ နတ်ဆိုးအငွေ့အသက်တွေရှိနေလေသည်။
"ရှီကျွင်း"
"ရှောင်ကျန့် ငါ့မြူခိုးတွေခေါ်ရာကိုလိုက်ခဲ့မင်းပြန်လာဖို့အရေးကြီးတယ်"
ရှောင်ကျန့်သူ့အာရုံတွေကိုပြန်လည်စုစည်းလိုက်ပြီးရှီကျွင်းရဲ့စွမ်းအားတွေကိုအမှီပြုပြီး အမဲရောင်မြူစိုင်ထဲကနေ ရုန်းထွက်လိုက်တော့သည်။ အလင်းရောင်တွေ့ချိန်မှာတော့သူလဲအားယုတ်ကာသတိလစ်သွားတော့သည်။