Arc 7.4 ~Feng Qin~
2.8K 288 39
Unicode
ဖုန်းချင်းရဲ့ထင်မြင်ချက်အတိုင်းပင် နောက်တစ်နေ့မိုးသောက်ချိန်မှာပဲ မိုးကြိုးလျှပ်စီးရဲ့သတင်းက ကောင်းကင်နန်းတော်တခွင်ပေါက်ကြားနေလေပြီ။
"Host ကောင်းကင်အရှင်ကအခေါ်လွှတ်လိုက်တယ် သွားဖို့အဆင်ပြေရဲ့လား"
"အင်း ငါအဆင်ပြေတယ် Missionတွေစကြတာပေါ့ အားလျန်"
"ဟုတ် Host"
ဖုန်းချင်းတို့ ကောင်းကင်နန်းတော်ကိုရောက်ချိန်မှာတော့ ကောင်းကင်အရှင်ရဲ့ဘေးဘက်တွင် လေနတ်သမီးကနေရာယူထားလေသည်။ ထိုနေရာသည် ကောင်းကင်အရှင်သခင်ရဲ့ကြင်ယာတော်သာထိုင်ခွင့်ရှိသည့်နေရာဖြစ်၍လက်မဆက်ရသေးသည့်လေနတ်သမီးသည် ရပ်နေရုံသာတတ်နိုင်ပေမဲ့ ထိုအရာကိုပင်သူမကဂုဏ်ယူလျက်ရှိနေလေသည်။
"ကောင်းကင်အရှင်ကိုဂါရဝပြုပါတယ်"×2
"နေရာမှာဝင်ထိုင်ပါ ဖူးစာရေးနတ်မင်း"
"ကျေးဇူးတင်ပါတယ်အရှင်"
ဖုန်းချင်းသူ့ရှေ့ကလူကိုသေချာစိုက်ကြည့်နေမိသည်။ သူချစ်ရတဲ့သူရဲ့အငွေ့အသက်တွေအပြည့်ရှိနေတဲ့ထိုလူက ဘာကြောင့်သူကိုပစ်ပယ်ထားနိုင်ရတာလဲဆိုတာစဥ်းစား၍မရချေ။ သို့ပေမဲ့အခုချိန်တွင်အရေးကြီးတာကိုသာလုပ်ဆောင်ရမည်ဖြစ်သောကြောင့် လုပ်ဆောင်ရမည့်ကိစ္စတို့ကိုသာအာရုံပြန်စိုက်ထားလိုက်လေသည်။
"ကောင်းကင်အရှင်အနေနဲ့ ကျွန်တော်မျိုးကိုညီလာခံတက်ရောက်ဖို့တော့အခေါ်ရှိတာမဟုတ်လောက်ဘူးလို့ထင်ပါတယ်"
"အင်း မနေ့က.....မနေ့ကငါ့နန်းဆောင်ကိုလာရောက်ပြီး မိုးကြိုးလျှပ်စီးပါလက်စေခဲ့တဲ့အပြစ်ကိုစစ်မေးဖို့ပဲ"
စကားကိုရှေ့မဆက်ခင် ခတ္တရပ်လိုက်ပြီး သူ့အကြည့်ကိုရှောင်လွှဲပြီးမှစကားဆက်လာသည့်ကောင်းကင်အရှင်ကိုကြည့်ကာ ဖုန်းချင်းခပ်ရေးရေးပြုံးမိသည်ကိုတော့မည်သူမှမသိလိုက်ပါပေ။
"မိုးကြိုးလျှပ်စီးအတွက်ကျွန်တော့်ဘက်က တောင်းပန်ပါတယ် တမင်တကာရည်ရွယ်ပြီးဖြစ်ပွားစေလိုတဲ့ဆန္ဒအလျဥ်းမရှိခဲ့ပါဘူး ဒါကြောင့် ကျွန်တော်မျိုးရဲ့အရင်အပြစ်အတွက်အရင်ဖြေရှင်းခွင့်တောင်းခံချင်ပါတယ်"