Arc 5.5 ~Li Jie~
4K 361 19
Unicode
[Host ဒါဆိုကျိန်စာတိုက်ခံရတဲ့သူကကျိန်စာပြေဖို့သွေးလိုအပ်တာပေါ့ ကြောက်စရာကြီး]
*ဟုတ်တယ်အားလျန် ကျိန်စာတိုက်ခံရတဲ့သူက အလိုရမက်ကြီးပြီး မကောင်းတဲ့စိတ်နဲ့ မကောင်းတဲ့လုပ်ရပ်မှာအသုံးပြုဖို့ ဒါမှမဟုတ် တစ်ပါးသူကိုကျိန်စာတိုက်ဖို့ရည်ရွယ်ချက်နဲ့ပန်းချီကားကိုထိကိုင်ခဲ့လို့ကျိန်စာသင့်တာ စိတ်သန့်သန့်နဲ့ထိကိုင်မယ်ဆိုပန်းချီကားကသာမန်ပန်းချီတစ်ချပ်လိုပဲ*
[ကြင်ယာတော်က Hostကိုဒုက္ခပေးဖို့အသုံးပြုချင်တာက သူ့ကိုပြန်ထိသွားတာထင်တယ်]
*မူလကိုယ်မတရားခံရပြီးသေဆုံးရတာ
ဒီကျိန်စာနဲ့ဆက်စပ်နေလိမ့်မယ်*
[မူလကိုယ်သေဆုံးရတဲ့အကြောင်းပြချက်ကိုသိသွားတဲ့အတွက် points 100ရရှိပါတယ်Host ဟီးး]
*100 အင်း မဆိုးပါဘူးလေ*
ကျိန်စာစာအုပ်ကိုပြန်ပိတ်လိုက်ပြီး ဘေးကိုကြည့်လိုက်တော့ သူ့ကိုပြုံးပြီးကြည့်နေသည့် ဧကရာဇ်။
"အရှင် အနှောက်ယှက်ဖြစ်သွားလား"
"အင်း သိပ်ဖြစ်တာပေါ့ မင်းလေးကိုငေးနေရတာနဲ့ ကိုယ့်အလုပ်တွေမပြီးတော့ဘူး ဘာပြန်လျော်ပေးမလဲ"
"အမယ် လျော်စရာလား ကိုယ့်ဘာသာနှာဘူးကြပြီးငမ်းတာလေ လီအော်တို့ကအနေသာကြီး ဪ ဒီစာအုပ်ခဏယူသွားမယ်နော်"
နှာခေါင်းကလေးရှုံ့ပြီးပြောင်ချော်ချော်ပြောကာထွက်သွားသည့်လီကျဲကိုကြည့်ရင်း ဖန်းဇယ်ပြုံးမိပြန်သည်။
"ကိုယ့်ဧကရီလေးက တကယ်မလွယ်ပါလားကွာ"
လီကျဲတစ်ယောက်နန်းဆောင်ထဲမှာစာအုပ်တစ်အုပ်နဲ့အလုပ်များနေသည်။ ကျိန်စာရဲ့သဘောတရားအရ၃လအတွင်းကျိန်စာမဖြေနိုင်ရင် ကျိန်စာတိုက်ခံရသူက သေဆုံးပြီး
ဝိညာဥ်ဖမ်းချုပ်ခံရမှာဖြစ်သည်။
*အားလျန် ရှိလား*
[24နာရီအသင့်ရှိနေကြောင်းပါ Host ဟဲဟဲ]
*အားလျန် မင်းငါနဲ့တွေ့စက အေးအေးလေးပါ ဘာလို့အခုမှယွထနေတာလဲ*