Arc 6.4 ~Yan~
3.9K 348 15
Unicode
တံခါးမခေါက်ဘဲ အခန်းထဲကိုစည်းမရှိကမ်းမရှိဝင်လာတဲ့မေမီလွင်ကြောင့် တိမ်လွှာထက်ယံမျက်ခုံးနှစ်ဘက်တွန့်ချိုးသွားသည်။ မူလတိမ်လွှာထက်ယံရော သူကိုယ်တိုင်ပါ အခုလိုစည်းမရှိတဲ့လုပ်ရပ်တွေကိုသဘောမကျပေ။ အလုပ်လုပ်တဲ့နေရာဖြစ်လို့ စည်းစနစ်နဲ့နေသင့်သည်မဟုတ်လား။
"ဟယ် ကောင်လေးမင်းကဒီကိုဘာလာလုပ်တာလဲ"
"ကျွန်တော်ဘာလာလုပ်လုပ်ပါ အစ်မနဲ့ဆိုင်သလား"
"ဟယ် ရိုင်းလိုတ်တာ ကိုတွေ့လား မေမီ့ကကောင်းကောင်းမေးတာကိုသူကရိုင်းတယ်"
"တဟယ်ဟယ်နဲ့ ရုံးပလေသီးပင်လင်ပျောက်မနေနဲ့အစ်မကြီး အခုအစ်မချွဲနေတဲ့သူက ကျွန်တော်တိမ်လွှာထက်ယံဆိုတဲ့လူရဲ့တရားဝင်ယောကျာ်းနော်"
[ရုံးပလေသီးပင်ကလင်ပျောက်လို့လား]
*တိတ်စမ်း*
ခရာဒေါသထွက်နေပုံရတဲ့ယံကြောင့် အခက်တွေ့ရသည်။ မေမီနဲ့ကတွဲနေကြသလို အခုလိုယံရှေ့မှာမေမီကသူ့လက်ကိုလာကိုင်ပြီးချွဲနေတဲ့အတွက်အားနာရသည်။ အရင်ကလိုမဟုတ်တော့ဘဲစွာတေးလေးဖြစ်လာလို့လဲအံ့ဩရသည်။
"မင်း!!မင်း အကြီးကို"
လက်ညိုးတထိုးထိုးနဲ့ဒေါသထွက်နေတဲ့မေမီလွင်ကြောင့် တိမ်လွှာထက်ယံ မဲ့ပြုံးလေးပြုံးလိုက်ပြီး မေမီလွင်တွဲထားတဲ့မင်းအက္ခရာရဲ့လက်ကို စားပွဲပေါ်တင်ထားတဲ့ခရင်းနဲ့ထိုးချလိုက်သည်။
"အ့! ယံ ဘာလို့"
"မင်းကို့ကိုဘာလို့လုပ်တာလဲ"
"ကျွန်တော်ဘာသာကျွန်တော့်ယောကျာ်းကိုလုပ်တာအစ်မကြီးနဲ့ဆိုင်သလား ဘာလဲ မယားငယ်ဖြစ်ချင်တာလား ကျွန်တော်ကမင်းအက္ခရာကိုကွာရှင်းပေးဖို့စိတ်ကူးမရှိဘူးနော်"
"မင်း ရုပ်လေးနဲ့မှမလိုက်"
"တော်လိုက်တော့ မီ ထွက်သွားတော့ မင်းနဲ့နောက်မှပြောမယ်"
"တောက်!!!!"
ခြေဆောင့်ရုံမက တံခါးကိုပါဆောင့်ပိတ်သွားတဲ့မေမီလွင်ကို တစ်ချက်ကြည့်ပြီး သူ့ဘက်ပြန်လှည့်ကြည့်လာတဲ့မင်းအက္ခရာကြောင့် သူ့ကိုဘာမေးမလဲဆိုတာသိလိုက်သည်။