Arc 5.1 ~Li Jie~
4.8K 396 16
Unicode
ရှောင်းကျန့်ဒီကမ္ဘာကိုရောက်တော့ ခန်းနားထည်ဝါတဲ့နန်းဆောင်တစ်ခုကိုတွေ့လိုက်ရသည်။ ရှောင်းကျန့်ကနန်းဆောင်ရှေ့မှာရပ်နေတာဖြစ်ပြီး သူ့ရှေ့မှာအပျိုတော်ဖြစ်ပုံရတဲ့မိန်းကလေးကဒူးထောက်နေပြီး ရဲမက်တစ်ယောက်ကရိုက်နက်နေသည်။ ရှောင်းကျန့်သူ့ကိုယ်သူပြန်ငုံ့ကြည့်လိုက်တော့ရာထူးမြင့်သူတစ်ယောက်ရဲ့အပြင်ဆင်များဖြစ်နေတာကြောင့် သူနဲ့သက်ဆိုင်နေမလားလို့တွေးမိသွားသည်။
*ဘာလား ငါလေးကဗီလိန်တော့မဟုတ်ဘူး
မလား*
"ရပ်လိုက်တော့"
"ကွေ့ဖေးမယ်မယ်"
*WTF ကွေ့ဖေးငါကလေ ထပ်လုပ်ကြံခံရမှာမြင်ယောင်နေပြီ*
အပျိုတော်မိန်းကလေးက အားကိုးရသွားပုံနဲ့ သူ့ရှေ့လာပြီးတောင်းပန်ပြီးကူညီပေးဖို့တောင်းဆိုနေသည်။ ခက်တာကသူကဘာမှမသိသေးတော့ ကိစ္စကိုမသိတော့ကူညီဖို့ခက်နေသည်။ ဒါပေမဲ့အတော်နှိပ်စက်ခံထားရပုံပေါက်နေတာကြောင့် ကူညီဖို့ဆုံးဖြတ်လိုက်သည်။
"အပျိုတော်ကိုလွှတ်လိုက်တော့ ဒီလောက်ဆိုတော်သင့်ပြီ"
"အိုးဟို ကွေ့ဖေးမယ်မယ်က ကိုယ့်လူထိလို့နာတာလား ဒါပေမဲ့သူကအပြစ်သားနော်"
ရဲမက်အနောက်မှာရပ်နေတဲ့အမျိုးသမီးက လှောင်ပြောင်ဟန်နဲ့ပြောလိုက်တဲ့စကားကြောင့် ရှောင်းကျန့်အံ့ဩသွားရသည်။
*ဘာရယ် ငါ့ရဲ့အပျိုတော်လား သေချာတယ်ဒီအပျိုတော်မတရားခံရတာဘဲနေမှာ ရှေ့ကဗျိုင်းနာမပုံစံကမရိုးဘူး ကွေ့ဖေးကိုတောင်ရန်စရဲတယ်*
"အို ဒီကကွေ့ဖေးမယ်မယ်ကမတရားတာမလုပ်ပါဘူး အခုလောက်အပြစ်ပေးတာကလုံလောက်နေပြီမဟုတ်လား အပျိုတော်၁လလောက်တော့ကုသဆောင်ရောက်သွားမှာလေ ကျေနပ်ရောပေါ့ ကဲ အပျိုတော်ကိုကုသဆောင်လိုက်ပို့ပေးလိုက် ဒီကိစ္စကိုဘယ်သူမှအစမဖော်ကြနဲ့တော့ ဒီကိစ္စဒီနေရာမှာရှင်းပြီးပြီ ရဲမက်ကိုတော့ဒီမယ်မယ်ကမှတ်သားထားမယ်ကွယ့်"
"ကွေ့ဖေးမယ်မယ် ကျွန်တော်မျိုးက.."
"ကိုယ့်တာဝန်ကိုယ်သွားထမ်းဆောင်လို့ရပြီရဲမက်"