Arc 7.3 ~Feng Qin~
3.1K 306 34
Unicode
ဒီနေ့ကဘယ်သူမှမမှတ်မိတော့တဲ့ဖုန်းချင်းရဲ့မွေးနေ့ သူမှတ်ဉာဏ်အရတော့ ဒီနေ့မှာပဲသူ့ကိုနတ်သက်ခြွေခဲ့ကြတာဖြစ်သည်။ ဖြေရှင်းခွင့်မရှိပဲ နှုတ်ပိတ်ခံလိုက်ရတယ် အဟက်! ဝမ်လင်ယွမ် မင်းကိုခံစားရအောင်မလုပ်နိုင်ရင် ငါဒီsystemကနေထွက်သွားလိုက်မယ်။
"အားလျန်"
"Host"
"ငါကောင်းကင်အရှင်ရဲ့နန်းဆောင်ကိုသွားချင်တယ် ငါ့ကိုကူတွဲပေး"
"ဟို....ခဏနေမှသွားမယ်လေ"
"မရစ်စမ်းနဲ့အခုသွားမယ် လာတွဲ"
"ဟုတ်"
အမှန်ဆိုသူအားလျန်ကိုခေါ်မသွားချင်ပေ သူ့ခန္ဓာကိုယ်ကအရမ်းကိုအားနည်းနေသေးတာကြောင့် သူတစ်ယောက်ထဲကောင်းကင်အရှင်ရဲ့နန်းဆောင်ထိမသွားနိုင်တာကြောင့်သာ ကူတွဲခိုင်းနေရတာဖြစ်သည်။ လမ်းမှာဖုန်းချင်းနဲ့ဝမ်လင်ယွမ်တို့ကြားကအမှတ်တရတွေကိုပြန်တွေးတောနေမိသည်။
အဲ့ဒီနေ့က သူ့အသက်၁၆နှစ်ပြည့်တဲ့နေ့ ခမည်းတော်နဲ့မယ်တော်မသိအောင် ခိုးထွက်လာပြီးအရင်ကောင်းကင်အရှင်ပိုင်တဲ့ဥယျာဥ်ထဲကိုခိုးဝင်လာခဲ့သည်။ သူရောက်သွားတော့မက်မွန်ပင်အောက်မှာဗျက်စောင်းတီးခတ်နေတဲ့သူတစ်ယောက်ကိုတွေ့လိုက်ရသည်။ ထိုသူ့ရဲ့ဗျက်စောင်းသံက ကြားရသူတိုင်းအတွက်နားဝင်ချိုမည်မှာအမှန်ပင်။ ငွေဖြူရောင်ဆံနွယ်တွေနဲ့အပြာရောင်မျက်စံတွေကိုပိုင်ဆိုင်ထားတဲ့သူက အပြာနုရောင်နဲ့အဖြူရောစပ်ထားသည့်ဝတ်ရုံနှင့်ပနံသင့်လှသည်။ ဗျက်စောင်းပေါ်တီးခတ်နေတဲ့လက်ချောင်းရှည်ရှည်တွေကပျော့ပျောင်းဟန်မရှိသလို ကြမ်းတမ်းသည်လည်းမဟုတ်ပေ။ မက်မွန်ပွင့်ချပ်တွေကြွေဆင်းနေတဲ့ကြားမှဝိုးတဝါးမြင်နေရသည့်ထိုသူက ကောင်းကင်တစ်ခွင်အချောမောဆုံးနတ်ဘုရားတစ်ပါးဖြစ်လိမ့်မည်ဟုယူဆမိလေသည်။ သူငေးကြည့်နေတာဘယ်လောက်ကြာသွားသည်မသိ ထိုသူကဗျက်စောင်းတီးခတ်ခြင်းကိုရပ်တန့်လိုက်ပြီး မတ်တပ်ထရပ်ကာ သူ့ကိုကျောပေးလိုက်ပြီး ဟန်ပါပါရပ်နေလေသည်။