Arc 7.7 ~Feng Qin~
2.8K 305 27
Unicode
ဖုန်းချင်းကျင့်စဥ်ကျင့်ကြံခြင်း၁ပတ်ပြည့်တဲ့အခါမှာ စွမ်းအားတစ်ချို့ကတော်တော်လေးကိုအားကောင်းလာကာ နဂိုထက်ပင်ပိုအားကောင်းနေလေသည်။ ဒါတွေကကောင်းကင်အရှင်ရဲ့နေ့တိုင်းပို့သပေးတဲ့ဆေးကြောင့်ပင်။ တစ်ရက်မပျက်ဆေးပို့ခိုင်းပေမဲ့ သူကိုယ်တိုင်တော့လာရောက်တွေ့ဆုံခြင်းမပြုပေ။ နောက်တစ်ပတ်ပြည့်တဲ့နေ့က ကောင်းကင်အရှင်နဲ့လေနတ်သမီးတို့ရဲ့လက်ဆက်ပွဲနေ့ဖြစ်သည်။ သူတားရလိမ့်မည် သူ့missionမှာပါဝင်သလို သူ့အချစ်ကြောင့်ပါတားမြစ်ရလိမ့်မည်။ သို့သော်အားလျန်ကအခုထိပေါ်မလာသေးပေ သူကိုယ်တိုင်ကလည်းဒီဥယျာဥ်ထဲမှာတစ်ဖဝါးမှခွာလို့မရသေးပေ။
"အားလျန် မင်းဘယ်မှာလဲ"
"Host မကောင်းတော့ဘူး ကောင်းကင်အရှင်အဆိပ်မိနေတယ်"
"ဘာ!!! သူ့နားကသူတွေကဘာလို့အဲ့လောက်တောင်အသုံးမကျရတာလဲ ငါအခုလာပြီ"
မတတ်နိုင်တဲ့အဆုံး ဥယျာဥ်ထဲကထွက်ကာ ကောင်းကင်အရှင်ရဲ့နန်းဆောင်ကိုလာတော့ လေနတ်သမီးက ကောင်းကင်အရှင်ရဲ့ကုတင်ဘေးကခုံပေါ်တွင်နေရာယူထားလေသည်။ ဖုန်းချင်းအဆောင်ထဲဝင်ကာ ကုတင်ပေါ်တက်ထိုင်လိုက်ပြီး ကောင်းကင်အရှင်ရဲ့ လက်ကိုယူကာစမ်းသပ်ကြည့်လိုက်သည်။
"အန္တရာယ်များတယ် အားလျန်ရေနတ်ဘုရားကိုခေါ်ပြီး အနောက်ဘက်ပင်လယ်အောက်ခြေက ရေသူမရဲ့နှလုံးသွေးကနေဖြစ်ပေါ်လာတဲ့ပန်းလိုတယ် ပြီးတော့...."
ဖုန်းချင်းစကားဆက်မပြောဘဲရပ်လိုက်ပြီး လေနတ်သမီးကိုကြည့်လိုက်တာကြောင့် မကျေနပ်ပေမဲ့ အခန်းပြင်ထွက်သွားပေးလေသည်။ လေနတ်သမီးထွက်သွားမှ စကားဆက်သည်။
"လနတ်သမီးရဲ့မျက်ရည်ကတစ်ဆင့်ဖော်စပ်ထားတဲ့ အဆိပ်ဖြေဆေးလဲလိုတယ် နောက်ဆုံးတစ်ခုက ဟင်းးးး ရှီကျွင်းရဲ့နတ်ဆိုးနန်းတော်က အဆိပ်သင့်နှင်းဆီနက်ပဲ ရှီကျွင်းကိုအကျိုးကြောင်းပြောပြပြီးတောင်းခဲ့လိုက်"
"ကျွန်တော်အခုပဲသွားလိုက်ပါ့မယ် ဒါနဲ့Hostအရှင်ကဘာအဆိပ်မိနေတာလဲ"