Arc 5.3 ~Li Jie~
4.6K 379 45
Unicode
[Hostရေ လူထချိန်ရောက်ပြီဗျ]
*နားငြီးတယ်အားလျန်ရာခဏလောက်အိပ်အုံးမယ်*
[Hostမေ့နေတာလား မင်းကြီးအဆောင်သွားရအုံးမယ်လေ ခဏနေမိုးသောက်တော့မယ်]
*ကျစ် ထပြီကွာထပြီ တကယ်တည်း ဖွားကြီးပေါက်စကြနေတာပဲ*
လီကျဲရေချိုးဆောင်ဝင်သန့်စင်လိုက်ပြီး အလိုက်ကမ်းဆိုးမသိအစောကြီးခေါ်ထားတဲ့မင်းကြီးကိုမေတ္တာပို့ရင်း နဂါးဆောင်ကိုထွက်လာလိုက်တော့သည်။ အဆောင်ရောက်တော့ မင်းကြီးက ရေချိုးဆောင်ဝင်ဖို့ပြင်ဆင်ခိုင်းသည်။ အစအဆုံးတစ်ယောက်တည်းလုပ်ခိုင်းတာဖြစ်သည်။
*တွေ့မယ်လုပ်ထားအုံးပေါ့ ငါ့အလှည့်ကြသင်းပိုဆိုးမယ်သာမှတ် ဟင်းဟင်းးးး*
"ကိုယ်တော့်ကိုရေချိုးပေး"
ပွစိပွစိနဲ့ပေါက်ပေါက်ဖောက်နေတဲ့လီကျဲတစ်ယောက်မင်းကြီးစကားကြောင့် အံ့ဩသွားသည်။
*ဘာကြီးရေချိုးပေးရမယ်ဟုတ်လား ရူးလို့လား သူ့အကြောင်းမသိရင်ခက်မယ် မချိုးပေးနိုင်ဘူး အားလျန်ရေကယ်ပါအုံး ငါသိနေတယ်မချိုးပေးချင်ဘူး*
[ခလုတ်ထိမှအမိတ အဲလေ ခလုတ်ထိမှလျန်လျန်ကိုမတပါနဲ့  ဒါတော့လျန်လျန်လေးလဲ
မကူညီနိုင်ပါဘူး ဟုတ်ကျေးဇူး]
*လိ့ကိုလျန်လျန်မကူရင်မကူဘူးပြောလဲရတယ် လိ့မို့စကားရှည်နေတာလား ဘာတဲ့သူ့ကိုယ်သူလျန်လျန်လေးတဲ့ ဝေါ့*
[Hostအရိုင်းတုံးကြီး]
ဖန်းဇယ်သူပြောတာကိုမကြားသလိုရပ်နေတဲ့လီကျဲကြောင့် အကျင့်ယုတ်ချင်လာသည်။
"ကိုယ်တော်ပြောတာမကြားတာလား"
"ကြား....ကြားပါတယ်"
လီကျဲမတတ်နိုင်တဲ့အဆုံး မင်းကြီးကိုရေချိုးပေးရတော့သည်။ ရေချိုးပေးတာကိုငြိမ်ငြိမ်မနေဘူး လက်ကိုင်လိုက် ဆံပင်ကိုင်လိုက်လုပ်နေတဲ့မင်းကြီးကိုလီကျဲစိတ်မရှည်တာအမှန်ပင်။ ရေချိုးပြီးတော့လဲဝတ်ရုံလဲခိုင်းပြန်သည်။ ဝတ်ရုံလဲပေးတော့ရောငြိမ်ငြိမ်နေတယ်ထင်လား လုံးဝပဲ ခါးဖက်လိုက် မေးကိုင်လိုက်နဲ့အသားယူတာ ဒီဘုရင်နှာဘူးကြလွန်းတယ်။