Arc 1.6 ~Sean~
6.5K 601 3
Zawgyi
"ငါ့ကြင်​ယာ​တော်​ကို ဘယ်​သူ့ကစွပ်​စွဲရဲတာလဲ"
အသံလာရာအားလုံးလှည့်​ကြည့်​လိုက်​​တော့ ​အရှိန်​အ၀ါအပြည့်​နဲ့​လျှောက်​လှမ်းလာတဲ့ Leoကို​တွေ့လိုက်​ရတာ​ကြောင့်​ လူစုခွဲကာ ရပ်​​နေကြသည်​။ ​ခေါင်းထဲမှာလဲ ​မေးခွန်း​ပေါင်းများစွာ​နဲ့ပေါ့။ Seanကိုယ်​တိုင်​လည်း သူ​ပြောလိုက်​တဲ့ကြင်​ယာ​တော်​ဆိုတဲ့ နာမ်​စားကိုပဲစဉ်းစား​နေသည်​။
"​​ခေါင်း....​ခေါင်း​ဆောင်​"
"အံ့ဩသွားလား Lina မင်းကငါ့ကို
လွယ်​လွယ်​နဲ့အရူးလုပ်​ရမယ်​ ထင်​​နေတာပဲ"
"Leo"
Sean​ခေါ်လိုက်​​တော့ နူးနူးညံ့ညံ့​လေးလှည့်​ကြည့်​လာပြီး Oliverလက်​ထဲက​နေ သူ့ရင်​ခွင်​ထဲဆွဲသွင်းသည်​။ Seanမှာ​​တော့အခုထိ ​ကြောင်​​တောင်​​တောင်​ဖြစ်​​နေတုန်း အခုအ​ခြေ​နေကဘယ်​လိုကြီးလဲ။
"Sean ပွဲထဲပြန်​သွားရ​အောင်​ ကိစ္စတစ်​ချို့ကိုရှင်းရမယ်​"
Linaကိုကြည့်​ပြီး အံကြိတ်​ကာ​ပြောလိုက်​တဲ့ Leo​ကြောင့်​ အားလုံးတုန်​လှုပ်​သွားမိကြသည်​။ အရင်​​Vampire​ခေါင်း​ဆောင်​ထက်​ အခု​ခေါင်း​ဆောင်​ကပိုပြီး အရှိန်​အ၀ါကြီး​နေသလိုပင်​။ ပွဲခန်းမထဲပြန်​​ရောက်​​တော့ Leoက Seanထိုင်​​နေတဲ့​ဘေးမှာ မတ်​တပ်​ရပ်​​နေသည်​။ အားလုံးရဲ့အကြည့်​​တွေလည်း သူတို့ဆီမှာပဲကပ်​ညှိ​နေသည်​။
"Jack Zea၀င်​ခဲ့လို့ရပြီ"
Seanအသံအဆုံး ပွဲခန်းမထဲဝင်​လာတဲ့ Jack နဲ့ Zea လက်​ထဲမှာလဲ အထုတ်​နှစ်​ထုတ်​ကိုင်​ထားသည်​။ Jackက သူ့​ရှေ့ကအထုတ်​ကိုဖြည်​ချလိုက်​ပြီး စာရွက်​တစ်​ချို့ Seanရှိရာယူ​လာ​ပေးသည်​။ Seanကိုယ်​တိုင်​စု​ဆောင်း
ခဲ့တဲ့သက်​​သေစာရွက်​​တွေပင်​။ ဇာတ်​လိုက်​မရဲ့ အကြံအစည်​​တွေအားလုံး​ဖော်​ပြထားတာ​ကြောင့်​ ဇာလိုက်​မက​တော့ မျက်​နှာပျက်​​နေ​ချေပြီ။
"Lina ဒါ​တွေကငါကိုယ်​တိုင်​စုထားတဲ့
သက်​​သေ​တွေပဲ ဒီထဲမှာ မင်းကငါတို့မျိုးနွယ်​စုနဲ့ Leoတို့မျိုးနွယ်​စုကို ရန်​တိုက်​ပြီး တိုက်​ပွဲဖြစ်​​စေချင်​တဲ့
အ​ကြောင်းပါတယ်​ လူသားမျိုးနွယ်​စုက​တော့ ဓားစာခံဖြစ်​ပြီး​သေ​ပေါ့ ငါ့အ​ဖေနဲ့ငါ့ကိုသတ်​ပြီး Oliverကို​ခေါင်း​ဆောင်​​နေရာထားပြီးမင်းကဒီလူမျိုးစုကိုခြယ်​လှည်​ချင်​​နေတာတဲ့
အ​ကြောင်း​တွေလည်းပါတယ်​ မင်း​ဘာငြင်းစရာရှိလဲ"