Arc 8.1 ~Thakhin~
3.4K 302 59
Unicode
ရှောင်ကျန့်မျက်လုံးဖွင့်လိုက်တော့ သူ့ရင်ခွင်ထဲမှာကလေးတစ်ယောက်ကအိပ်ပျော်နေပြီး ကုတင်ပေါ်တွင်လည်းအရုပ်တွေပြန့်ကျဲနေလေသည်။ အရင်ဆုံးကလေးကို ကုတင်ပေါ်နေရာတကျချသိပ်လိုက်ပြီးမှ အားလျန်ကိုဆက်သွယ်လိုက်သည်။
*အားလျန် ဇာတ်ကြောင်းပို့လို့ရပြီ*
[OK ခ! ဇာတ်ကြောင်းပို့ဆောင်ပြီးပါပြီ]
ဒီကမ္ဘာရဲ့ဇာတ်လိုက်နာမည်က မင်းရတုပိုင် ရတု constructionရဲ့ဥက္ကဋ္ဌ အနေတည်သလို ဆုံးဖြတ်ချက်ပြတ်သားပြီး သနားတတ်တဲ့စိတ်မရှိတဲ့သူတစ်ယောက် ဇာတ်လိုက်မက ရတုပိုင်ရဲ့အတွင်းရေးမှူးလည်းဖြစ် တက္ကသိုလ်တုန်းကသူငယ်ချင်းလည်းဖြစ်တဲ့ မုန်းမမှီ သူမကတည်ငြိမ်တယ်လှပတယ် ရိုးရှင်းစွာနေတတ်တယ်။ ဇာတ်လိုက်မကဇာတ်လိုက်ကိုချစ်ပေမဲ့ဝန်မခံပဲတိတ်တခိုးပဲချစ်ပေးတယ် ဒါကလည်းဇာတ်လိုက်မှာအိမ်ထောင်ရှိနေလို့ပဲ ဇာတ်လိုက်မှာမိဘတွေသဘောကျလက်ထက်ထားရတဲ့ကောင်လေးရှိပြီး သားလေးတစ်ယောက်လည်းရှိသည်။ ထိုကောင်လေးကိုမချစ်ပေမဲ့ သူ့ဘက်ကတာဝန်တွေကိုတော့ကျေအောင်လုပ်ပေးသလို ဇာတ်လိုက်မကိုလည်းသဘောကျမိပေမဲ့စည်းမကျော်ခဲ့ပေ။ ဒါပေမဲ့တစ်ခြားGroupရဲ့dinnerပွဲတစ်ခုမှာ ဆေးမိပြီးဇာတ်လိုက်မနဲ့မှားသွားခဲ့တယ်။ ဒါကိုသူ့အမျိုးသားကသိတော့ ပြဿနာရှာခဲ့တယ် အမြဲတမ်းအေးအေးဆေးဆေးနေတတ်တဲ့ကောင်လေးက ထိုနေ့ကစပြီး ဇာတ်လိုက်မသိအောင်ရောသိအောင်ပါဇာတ်လိုက်မကိုအမျိုးမျိုးပြဿနာရှာတတ်သည်။ နောက်ဆုံးလူငှားပြီးဖျက်ဆီးခိုင်းခဲ့တာကြောင့်ဇာတ်လိုက်ကဇာတ်လိုက်မကိုကယ်တင်လိုက်ပြီး ထိုကောင်လေးကိုကွာရှင်းခဲ့သည်။ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ထွက်သွားစေခဲ့တာကြောင့် မလုပ်တတ်မစားတတ်တဲ့ကောင်လေးက အစာငတ်ဒဏ်ရော သူ့ကလေးကိုလွမ်းတဲ့ဒဏ်ရောပိကာသေဆုံးသွားခဲ့တယ်။ တကယ်တော့ဇာတ်လိုက်မကအဲ့ဒီ့လောက်ရိုးရှင်းသူမဟုတ်ပေ သူကဇာတ်လိုက်ကိုအရယူမို့ဥာဏ်ဆင်နေတတ်သူဖြစ်ပြီး ဇာတ်လိုက်အမျိုးသားကိုအမြဲရန်ရှာလေ့ရှိပေမဲ့ထိုကောင်လေးကသူ့အားအဖက်မလုပ်ပေ။ ဒါကြောင့်dinner partyတစ်ခုမှာဇာတ်လိုက်ကိုဆေးခပ်ပြီးပုံတွေကိုပို့ပေးခဲ့သည်။ ပြဿနာတတ်ခဲ့ပေမဲ့ ကောင်လေးကသဘောထားကြီးစွာပဲသူတို့ကိုလက်ထက်ဖို့ခွင့်ပြုပေးသည်။ မကျေနပ်နိုင်သေးတဲ့ဇာတ်လိုက်မက ကောင်လေးကိုအမျိုးမျိုးခြောက်တွန်းခဲ့တာကြောင့် သေဆုံးခဲ့ရတာဖြစ်သည်။