Arc 3.8 ~Bai Xie~
4.9K 477 34
Unicode
ညကပင်ပန်းပြီးအိပ်ပျော်သွားတာ နိုးလာတော့မှ ပတ်ဝန်းကျင်ကိုကြည့်မိတော့ သူရောက်နေတာ ခြံထဲကဒန်းပေါ်မှာဖြစ်သည်။ ညကသူဒီပေါ်မှာအားလျန်နဲ့စကားပြောရင်းအိပ်ပျော်သွားတာဖြစ်သည်။ ဒါဆိုလူကြီးကတစ်ညလုံးပြန်မလာဘူးပေါ့။ အိမ်ထဲအပြေးဝင်ကြည့်မိတော့ လျိုစစ်မင်နဲ့အတူ မိန်းမတစ်ယောက်ကိုပါ မနက်စာဝိုင်းမှာတွေ့လိုက်ရတာကြောင့် အိမ်အပေါ်ထပ်ကိုဦးတည်ထားရာကနေ ထမင်းစားခန်းအပေါက်ဝကိုဦးတည်လိုက်မိသည်။
ထမင်းစားခန်းထဲက ထွက်လာတဲ့ရယ်မောသံတွေကြောင့် နှလုံးသားက ဆစ်ခနဲမြည်အောင်ထိ နာကျင်သွားရသည်။ အရဲစွန့်ပြီးသေချာကြည့်မိတော့ စစ်မင်က ထိုမိန်းမလက်ကိုကိုင်ထားပြီး ပြုံးရွှင်နေသည်။ ထိုမိန်းမကလဲ စစ်မင်နားကပ်ပြီး မျက်နှာထားကလိုတာထက်ပိုချိုနေသည်။
"လူကြီး~~"
အကြည့်တစ်ချက်ပဲစွန့်ကျဲပြီးပြန်လှည့်သွားတဲ့စစ်မင်ကြောင့် ပိုင်ရှဲ့မျက်ဝန်းအိမ်များစိုစွတ်လာသည်။
"လူကြီး ဘယ်တုန်းကပြန်ရောက်တာလဲဟင်"
အသံကိုအတတ်နိုင်ဆုံးထိန်းပြောပြီး စစ်မင်ဘေးသွားရပ်လိုက်တော့မှ သူ့ဘက်ကိုလှည့်ကြည့်လာသည်။ ပြုံးရွှင်နေတဲ့မျက်နှာက ပိုင်ရှဲ့ကိုတွေ့တော့ တည်တင်းသွားသည်။
"စစ်မင် ရှဲ့အာ ငါလာတယ်"
"ကောကော"
အထုပ်တွေတပွေ့တပိုက်နဲ့ဝင်လာတဲ့ ဟွိုက်ချန်ကြောင့် ပိုင်ရှဲ့အမြန်ပြေးသွားပြီး အထုပ်တွေကူဆွဲပေးလိုက်သည်။
"အခုပဲ ဟမ်! လီလီ ပြန်ရောက်နေတာလား?"
"ဟုတ်တယ်ဒီမနက်ပဲလေ မောင့်ကိုလာကြိုခိုင်းလိုက်တာ"
*မောင် မောင်တဲ့လား*
ပိုင်ရှဲ့ စစ်မင်ကိုလှမ်းကြည့်လိုက်တော့ စစ်မင်ကမသိချင်ယောင်ဆောင်ပြီး လီလီကိုပဲပြုံးပြီးကြည့်နေသည်။
*အဲ့လောက်တောင်ချစ်တာပဲလား အရိပ်တကြည့်ကြည့်နဲ့လေ*
"ကော ထိုင်လေ ကျွန်တော်မနက်စာပြင်ပေးမယ်"