Arc 1 ~Sean~
9.7K 690 4
Zawgyi
ရှောင်းကျန့်​သတိရလာ​တော့ သူက​တောအုပ်​တစ်​ခုရဲ့အလယ်​မှာ လဲကျ​နေသည်​။ ဒီ​လောက်​ညည့်​နက်​ ​တောကြီးထဲသူဘယ်​လို​ရောက်​​နေတာလဲ။
*အားလျန်​ အားလျန်​မင်းဘယ်​မှာလဲ*
[ရှိပါတယ်​ Host အခုပဲ ဇာတ်​​ကောင်​ပို့​ပေးပါ့မယ်​]
*အင်း ​ကောင်းပြီ*
[နည်းနည်း​တော့နာမယ်​ Host မှတ်​ဥာဏ်​လွှဲ​ပြောင်းခြင်းပါ
တစ်​ခါတည်းလုပ်​​ဆောင်​ပါမယ်​]
*အင်း*
ရှောင်​ကျန့်​စကားအဆုံး နာကျင်​လာတဲ့​ခေါင်းနဲ့ ၀င်​​ရောက်​လာ​သောပုံရိပ်​​တွေ။ ဒီကမ္ဘာက Werewolf Vampire Human ဆိုပြီး အုပ်​စုသုံးစုရှိတယ်​။ ​ဇာတ်​လိုက်​က Oliver ၀ံပု​လွေလူမျိုးစု​ခေါင်း​ဆောင်​ရဲ့လက်​​ထောက်​ သား။ ဇာတ်​လိုက်​မက Lina လူသားနဲ့Vampireမျိုးစပ်​တစ်​​ယောက်​။ ဇာတ်​လိုက်​​နဲ့​လူမျိုးစု​ခေါင်း​ဆောင်​ရဲ့သား အ​နောက်​ကိုVampire​​တွေလိုက်​​နေတဲ့အချိန်​မှာ ဇာတ်​လိုက်​မက ကူညီ​ပေးခဲ့တာ​ကြောင့်​ ဇာတ်​လိုက်​ကဇာတ်​လိုက်​မကို ၀ံပု​လွေလူမျိုးစုဆီ​ခေါ်လာခဲ့တယ်​။ ​နောက်​ပိုင်းမှာ​တော့ ဇာတ်​လိုက်​မရဲ့ အလိုက်​သိပြီး ကြင်​နာမှု ရိုကျိုးမှု​တွေကို မြင်​ပြီးချစ်​ကျွမ်းဝင်​သွားခဲ့တယ်​။ ဇာတ်​လိုက်​မကကြာပန်းဖြူမဆိုတာ ၀ံပု​လွေလူမျိုးစုက​တော့မသိခဲ့ကြဘူး။ လူသား​တွေကလည်း
လက်​မခံ Vampire​တွေကလည်းလက်​မခံတာ​ကြောင့်​ Vampire​တွေကို ၀ံပု​လွေလူမျိုးစုနဲ့ ရန်​တိုက်​​ပေးပြီး စစ်​ပွဲကြီးကိုစတင်ေ​စခဲ့တယ်​။ အပြစ်​မဲ့လူသား​တွေက​တော့ အင်​အားစုမျိုးစုနှစ်​ခုကြားမှ ဓားစာခံ​တွေဖြစ်​ခဲ့ရတာ​ပေါ့။ ​နောက်​ပိုင်းမှာတော့အားများတဲ့ဘက်​ကို ၀ိုင်းကူရင်းအသက်​​ဘေးကလွတ်​​မြှောက်​ဖို့ကြိုးစားခဲ့ကြရတယ်​။ Werewolf​တွေနဲ့ Vampire​တွေရဲ့ စစ်​ပွဲကြီးအပြီး ​ဇာတ်လိုက်​နဲ့ဇာတ်​လိုက်​မက​​လက်​ထက်​ခဲ့ကြပြီး ​ပျော်​ရွှင်​ဖွယ်​ရာမိသားစုဘ၀​လေးကိုတည်​​ဆောက်​ပြီး Happy Ending
သွားကြသည်​။