Arc 4.5 ~Yu Min~
3.8K 339 0
Unicode
ဒီနေ့ယွီမင်မျက်လုံးခွဲစိတ်ရမည့်နေ့ဖြစ်တာကြောင့် ကုအိမ်တော်ကနေမနက်စောစောကပင် ဆေးရုံကိုထွက်လာခဲ့ကြသည်။ ဆေးရုံရောက်တော့ VIP Roomမှာ အစောင့်အကြပ်တွေအများကြီးချပြီးနေခိုင်းတာကြောင့်စိတ်ထဲမလွတ်လပ်ပေမဲ့ ချန်လင်ရဲ့စိတ်ကိုနားလည်တာမို့ ဘာမှမပြောဘဲလက်ခံပေးလိုက်သည်။ နေ့လည်ပိုင်းလောက်ရောက်တော့မျက်လုံးခွဲစိတ်ဖို့လာခေါ်ကြသည်။
*အား...အားလျန်*
[မနာအောင်လုပ်ပေးပါ့မယ် Host]
*အင်း*
ခွဲစိတ်ပြီး၂နာရီအကြာမှသတိပြန်လည်လာခဲ့သည်။ အခြားကြောင့်တော့မဟုတ် ခွဲခန်းထဲကအသံတွေနဲ့ဆေးနံ့တွေကြောင့်သတိလစ်သွားခဲ့တာဖြစ်သည်။
[systemနဲ့သာမဟုတ်ရင် မလွယ်ဘူးHostကတော့]
*ဘာဖြစ်နေလို့လဲငါက*
[ခွဲစိတ်ရင်းသတိလစ်သွားတာလေ]
*ဟ! ကြောက်တာကိုးကွ*
ချန်လင်အခန်းထဲဝင်လာတော့ ကိုယ့်ဘာသာထထိုင်နေတဲ့ယွီမင်ကြောင့်အနားလျှောက်လာပြီး လက်ကလေးကိုင်တော့ ပြုံးပြလာသည်။
"ယွီအာကကောကောကိုမျှော်နေတာ"
"နာနေလားကလေးလေး"
မျက်လုံးပေါ်ကပတ်တီးဖွေးဖွေးကိုတယုတယကိုင်ရင်းမေးလာတဲ့ချန်လင်ကြောင့် ရင်ထဲကြည်နူးမှုကအပြည့် ကိုယ့်ကိုလူတစ်ယောက်ကအရမ်းဂရုစိုက်တာကြည်နူးစေတယ်မဟုတ်လား။
"မနာပါဘူးကောကော ဒါနဲ့ဘယ်နေ့ပတ်တီးဖြည်ရမှာလဲဟင်"
"သဘက်ခါဆိုဖြည်လို့ရပြီတဲ့"
"ဟုတ်"
"ချောင်လုံတို့သတင်းကရောဟင်"
"မေးခွန်းတွေများလှပါလားကွာ အလွမ်းဖြေခွင့်လေးလဲပေးပါအုံးလား"
"အယ်"
ချန်လင်သူ့ရှေ့ကကောင်လေးကို အူယားစွာရင်ခွင်ထဲပွေ့ဖက်ထားလိုက်မိတယ်။ အဲ့ဒီနေ့ကသူမသာမကူညီရင် အခုနေယွီမင်သူ့အနားရှိနေတော့မှာမဟုတ်ဘူး။ ကျေးဇူးတင်ပါတယ် မင်းလဲအန္တရာယ်မရှိပါစေနဲ့ကွာ။