Arc 1.3 ~Sean~
6.4K 612 2
Zawgyi
Leo လက်​ထဲကဖိုင်​တွဲကိုဖွင့်​ကြည့်​လိုက်​​တော့ ​ရှေ့ဆုံးက​ပေါ်လာတဲ့ ဓာတ်​ပုံ​လေး။ အင်း.....ချစ်​ဖို့​ကောင်းတယ်​ ​ယောကျာ်းဆန်​ဆန်​​ချော​မောခြင်းမရှိပဲ က​လေးတစ်​​ယောက်​လို ချစ်​ဖို့​ကောင်း​နေသည်​။ သူ​လေး Vampire အင်​ပါယာထဲဝင်​လာကတည်းက Leo သတိထားမိတာဖြစ်​သည်​။ စ​တွေ့ကတည်းက ချစ်​ဖို့​ကောင်းလွန်း​နေတဲ့​ကောင်​​လေးကို အကြာကြီးမ​စောင့်​ခိုင်းရက်​တာ​ကြောင့်​ အလုပ်​​တွေထားခဲ့ပြီး အမြန်​ထွက်​လာရသည်​။ ဒါ​တောင်​သူ​လေးက ကြာတယ်​ဆိုပြီး နှုတ်​ခမ်း​လေးစူပုတ်​လို့။ သူ​ခေါ်လိုက်​​တော့ ​ကျော​လေးမတ်​သွားပြီး လှည့်​ကြည့်​လာပုံ​လေးက အသည်းယားစရာ။
မ​နေနိုင်​ဘဲ ပြုံးမိသွား​တော့ သူ​လေးကမျက်​လုံးဝိုင်းဝိုင်း​လေး​တွေနဲ့ကြည့်​လာသည်​။
သူရှိန်​​နေတယ်​လို့ထင်​တာ​ကြောင့်​ ကိုယ့်​ဘက်​ကပဲစပြီးမိတ်​ဆက်​လိုက်​သည်​။ ပုံမှန်​ဆိုမိတ်​ဆက်​ရတာမျိုး Leoမကြိုက်​သလို မိတ်​ဆက်​ခြင်းလဲမရှိ သူ​လေးနဲ့မှ လိုလိုလားလားမိတ်​ဆက်​ချင်​​နေမိသည်​။ Seanတဲ့ အင်း....မင်းနဲ့လိုက်​ဖက်​ပါတယ်​ နာမည်​​လေးက။ မင်းက က​လေးပုံစံ​လေးလို့ထင်​ရ​ပေမဲ့ ဥာဏ်​​ကောင်းလွန်းတယ်​ အ​ရေခြုံမရဲ့အစစ်​မှန်​ကိုမြင်​လည်းမြင်​နိုင်​ခဲ့တာပဲ အကွက်​ကျကျပိပိရိရိ လုပ်​သွားခဲ့တာ အချိန်​တစ်​ရက်​အတွင်း သက်​​သေအစုံယူလာပြနိုင်​တာ ကိုယ်​တကယ်​​လေးစားသွားပြီ။ အင်း မင်း​တောင်းဆိုချက်​ကိုလိုက်​​ရောဖို့ သ​ဘောတူညီချက်​တစ်​ခု​တော့လိုအပ်​လိမ့်​မယ်​။
[Host​ရေ Host ထပါ​တော့ ခဏ​နေ​ဆွေး​နွေးပွဲစ​တော့မှာ]
"အင်း အင်း"
Sean မထချင်​ထချင်​ဖြင့်​ထလာပြီး ​လေးကန်​​သော​ခြေ
လှမ်းများဖြင့်​ ကိုယ်​လက်​သန့်စင်​ဖို့သွားလိုက်​ပြီး Zea လာ
အ​ခေါ်ကို​စောင့်​​နေလိုက်​သည်​။ Zea​ပြောပြချက်​အရ ညစာစားပွဲမှာ​ဆွေး​နွေးကြမှာတဲ့​လေ လူသားမျိုးနွယ်​စုအကြီးပိုင်း​တွေလည်းရှိတာ​ကြောင့်​ အစားအ​သောက်​​သေချာပြင်​​ပေး​လောက်​မှာပါ ​သွေး​တွေနဲ့​တော့ နှစ်​ပါး
မသွားချင်​ဘူး။