Arc 2.10 ~Li Xian~
6.1K 567 21
Unicode
ညီလာခံခန်းမထဲဝင်လာတဲ့ လူကိုမြင်တော့ ကွေ့ဖေးရော အမတ်ချုပ်ကြီးပါ ဟန်ဆောင်မရနိုင်အောင်မျက်နှာပျက်သွားကြသည်။ သူတို့လုပ်ရပ်တွေကိုအစအဆုံးသိပြီး အချိန်တိုင်းတားမြစ်တတ်တဲ့ အမတ်ချုပ်ရဲ့အစ်မပင်ဖြစ်သည်။
"အရှင်မင်းကြီးကို ဂါရဝပြုပါတယ်"
"ထပါ မယ်မင်းကဘာကြောင့်ရောက်လာရတာလဲ"
"ကျွန်တော်မျိုးမမောင်ရဲ့ မတရားမှုတွေကိုအဆုံးသတ်စေချင်လို့ပါ အရှင်မင်းကြီး"
"မယ်မင်းမှာသက်သေပါသလား"
"သက်သေက အမတ်ချုပ်ရေးထားတဲ့ စာလွှာတွေပါပဲ"
အမျိုးသမီးကြီးက သူနဲ့အတူယူလာတဲ့အထုတ်ကိုဖြည်ချလိုက်ပြီး စာလွှာတွေကိုထုတ်ပြသည်။ စာလွာတွေထဲမှာ အမတ်ချုပ်ရဲ့လက်ရေးနဲ့ရေးသားထားတဲ့ပုန်ကန်မယ့်အစီစဥ်တွေ ကွေ့ဖေးနဲ့ဆက်သွယ်ပြီးလုပ်ထားတဲ့မတရားမှုတွေအကြောင်းအစအဆုံးပါဝင်နေသည်။
"ပထမစာလွှာက ကွေ့ဖေးကိုမိဖုရားခေါင်နေရာယူခိုင်းပြီး အရှင်မင်းကြီးကို ကြိုးဆွဲဖို့ကြံစည်မယ့်အကြောင်းပါ၊ နောက်ဆုံးစာလွှာက မိဖုရားခေါင်ရောက်လာတာကြောင့် မိဖုရားခေါင်ကို ခြောက်ချပြီး
မင်းကြီးကိုအဆိပ်ခပ်လုပ်ကြံမယ့်အကြောင်းပါ၊
ကျန်တာကတော့ပုန်ကန်မှုအသေးစားတွေအကြောင်းပါ"
အမျိုးသမီးဘာမှဆက်မပြောနိုင်ခင်မှာပဲ အမျိုးသမီးကြီးရဲ့လည်ပင်းမှာ အဆိပ်အပ်တစ်ချောင်းစိုက်ဝင်ပြီး လဲကျသွားသည်။
"လုပ်ကြံသူရှိတယ် အရှင်မင်းကြီးနဲ့မိဖုရားခေါင်ကို ကာကွယ်ကြ"
ကိုယ်ရံတော်မင်ရဲ့အော်သံဆုံးတော့ အရိပ်တပ်ဖွဲ့ကထွက်ပေါ်လာပြီး မင်းကြီးနဲ့မိဖုရားခေါင်ကိုဝိုင်းရံထားလိုက်သည်။ ကိုယ်ရံတော်မင်က အမတ်ချုပ်ကိုဖမ်းဆီးလိုက်ပြီး ယွီအိမ်ရဲ့လူယုံက ကွေ့ဖေးကိုဖမ်းဆီးလိုက်သည်။
ကွေ့ဖေးနဲ့အမတ်ချုပ်ကြီးကို ဒူးထောက်ထားစေပြီး ကူညီသူတွေကို​တော့ ညီလာခံထဲမှာပဲ ရက်စက်စွာသတ်ပစ်လိုက်သည်။ မယ်တော်ကြီးရဲ့သေဆုံးမှုအတွက် တရားမျှတမှုအနေနဲ့ပေါ့။