Arc 7.2 ~Feng Qin~
3.1K 307 8
Unicode
နောက်တစ်နေ့မနက်မှာတော့ နတ်သဘင်ညီလာခံမှာ ဖုန်းချင်းရဲ့အမှုကိုထပ်မံစစ်မေးကြပြန်လေသည်။ နေရာအသီးသီးမှာကိုယ်စီနေရာယူထားတဲ့နတ်မင်းတွေနဲ့နတ်ဆိုးအရှင်ရဲ့အလယ်မှာ လက်နဲ့ခြေထောက်အပြင်လည်တိုင်ကိုပါလျှပ်စီးသံကြိုးခတ်ခံထားရတဲ့ဖုန်းချင်းကဒူးထောက်လျက်ရှိနေလေသည်။ တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်ကိုစတင်ဖြိုခွင်းလိုက်သူကလေနတ်သမီးမင်မေ့ယွဲ့ဖြစ်လေသည်။
"စစ်နတ်ဘုရား အပြစ်ကိုခုထိငြင်းဆန်နေတုန်းပဲလားရှင် ဒီလောက်ဆိုဝန်ခံသင့်ပါပြီ"
"အဟက်! ကျုပ်မလုပ်တဲ့ကိစ္စကိုဝန်ခံရမယ်? ကျုပ်ကရူးနေတဲ့သူမှမဟုတ်ဘဲ လေနတ်သမီး"
"တိတ်စမ်း! ရှောင်ဖုန်းချင်း မင်းမှာနတ်မင်းတွေကိုအာခံခွင့်ရှိလို့လား"
"အဟားးးး ဒါဆိုလည်းကျွန်တော်မျိုးရိုင်းပြမိပါပြီကောင်းကင်အရှင် ဆက်ပြီးလည်းရိုင်းပြနေမိမှာပါပဲ"
တီးတိုးစွာထွက်ပေါ်လာတဲ့အသံတွေကြောင့် ဝမ်လင်ယွမ်သူ့ရှေ့ကစားပွဲကိုအရှိန်ပြင်းပြင်းထုရိုက်လာကာ အစိတ်စိတ်ကွဲကြေသွားတော့သည်။
"ရှောင်ဖုန်းချင်း!!!"
"ဝမ်လင်ယွမ်! မင်းတို့ကနတ်တွေဆိုပြီးဘာလို့တစ်ဖက်ပိတ်အမြင်တွေနဲ့ငါ့ကိုလာနှိပ်ကွပ်နေရတာလဲ နတ်တွေမဟုတ်ဘူးလား? တရားမျှတအောင်သေချာစုံစမ်းရမှာကလူတွေထက်ပိုပြီးနတ်တွေမှာတာဝန်ကြီးတယ် မင်းတို့သိအောင်ပြောလိုက်မယ် ရှီမုန့်ကရှီကျွင်းထက်ပိုပြီးငါ့ညီမအရင်းလေးလိုငါကဂရုစိုက်ခဲ့တာကွ ရှီမုန့်ရဲ့အဆုံးသတ်ကြောင့်အနာကျင်ရဆုံးသူကငါကွ ငါ မင်းကသူ့ချစ်သူဆိုရင်တောင် သူကငါ့ညီမကွ ဟက်!ဟုတ်တယ် ငါမင်းကိုတိတ်တဆိတ်ချစ်နေမိတယ် ဒါပေမဲ့အဲ့ဒီအကြောင်းပြချက်လောက်နဲ့ငါ့ညီမကိုငါပြန်သတ်မှာမဟုတ်ဘူး ပြီးတော့မင်း! ရှီကျွင်း ငါကငါ့အတွက်သီးသန့်ဖြစ်တည်မှအလိုရှိတာမင်းအသိဆုံး ဝမ်လင်ယွမ်ကငါ့အတွက်ဖြစ်တည်နေတာမဟုတ်ဘူးဆိုတာသိတဲ့နေ့ကတည်းကငါ့ခံစားချက်တွေကိုမြိုသိပ်ထားခဲ့ပြီးသားကွ အဟွတ် အဟွတ်"