Arc 7.5 ~Feng Qin~
5.2K 396 21
Unicode
ရှီမုန့်ရဲ့ဝိညာဥ်က သူသေဆုံးစဥ်ကဝတ်ဆင်ထားသည့် အနီရောင်သတို့သမီးဝတ်ရုံလေးနှင့်သာဖြစ်ပြီးခေါင်းဆောင်ပုဝါလေးတော့မပါဝင်ချေ သူလဲကျသွားချိန်ကသူ့ခေါင်းပေါ်ကနေပြုတ်ကျသွားခဲ့သည်လေ။
"မုန့်မုန့်"×3
ခေါ်ဆိုသူသုံးယောက်ရှိပေမဲ့ မုန့်မုန့်ပြန်လည်ကြည့်ခဲ့သူက ဖုန်းချင်းတစ်ဦးတည်းသာဖြစ်လေသည်။ ဖုန်းချင်းဘက်လှည့်လာကာ ခပ်လျော့လျော့အပြုံးလေးနဲ့ရှီမုန့်က ဖုန်းချင်းရဲ့မျက်နှာကိုထိကိုင်ပြီး ခပ်တိုးတိုးရွတ်ဆိုလာလေသည်။
"တောင်းပန်ပါတယ် အစ်ကိုရှောင်
တောင်းပန်ပါတယ်"
"မဟုတ်တာပဲမုန့်မုန့်အပြစ်မဟုတ်ဘူးလေ"
မူလဖုန်းချင်းရဲ့ခံစားချက်တွေဖြစ်လိမ့်မည်ထင်ပါရဲ့ နှလုံးသားကနင့်နင့်နဲနဲနာကျင်လာပြီးငိုမိလေသည်။ ညီမအရင်းလေးလိုစောင့်ရှောက်ပေးခဲ့ရသူလေးက အခုတော့သူရှေ့မှာခန္ဓာကိုယ်တောင်မရှိတော့တဲ့ ဝိညာဥ်ငယ်တစ်ခုဖြစ်လို့နေသည်။
"မုန့်မုန့်"
ခေါ်ဆိုလာသူကနတ်ဆိုးအရှင် ရှီကျွင်းပင် မုန့်မုန့်ကဖုန်းချင်းဘက်ကနေ ရှီကျွင်းရှိရာမျက်နှာမူလာလိုက်ကာ ဒေါသရိပ်တို့စီးဝင်နေသည့်အကြည့်များဖြင့် စကားဆိုလေသည်။
"အစ်ကို အစ်ကိုရှောင်အပေါ်လုပ်ခဲ့တာတွေအတွက်မုန့်မုန့်နာကျင်ရတယ် အစ်ကိုကသေချာစစ်ဆေးခြင်းမပြုဘဲ မုန့်ချစ်ရတဲ့မုန့်အစ်ကိုရှောင်ကိုထိခိုက်အောင်လုပ်တယ် ပြီးတော့ ကောင်းကင်အရှင်"
အရုပ်ကျိုးပြတ်သလို ပုလ္လင်ပေါ်ထိုင်နေတဲ့ဝမ်လင်ယွမ်ကို အမုန်းတရားတစ်ချို့ကိန်းဝင်နေတဲ့အကြည့်တို့နှင့်ကြည့်လာသည့်မုန့်မုန့်။
"အရှင်ကရှီမုန့်ကိုမချစ်ခဲ့ဘူး အရှင်ကိုစစ်မှန်တဲ့အချစ်နဲ့မြတ်နိုးပေးတဲ့သူကိုလည်းနာကျင်စေခဲ့တယ် အကြိမ်ကြိမ်အခါခါဒဏ်ရာတွေပေးခဲ့တယ် ရှီမုန့်ကိုမချစ်လို့ဝမ်းမနည်းဘူး ဒါပေမဲ့အစ်ကိုရှောင့်အပေါ်လုပ်ခဲ့တာတွေအတွက်တော့ တစ်သက်မကျေပါဘူးအရှင်"