Arc 1.5 ~Sean~
5.9K 598 1
Zawgyi
ခေါင်း​ဆောင်​​နေရာဆက်​ခံပွဲ​နေ့ Seanအ​တွေး​တွေက​တော့ တစ်​​ယောက်​​သောသူဆီသာ​ရောက်​​နေသည်​။ မနက်​ကတည်း
ကဂနာမညိမ်​နိုင်​​သေးတဲ့အ​တွေး​တွေ​ကြောင့်​ အခန်းထဲမှာတစ်​​ယောက်​တည်း ပြာများ​နေရ​တော့သည်​။ မ​နေနိုင်​တဲ့အဆုံး အားလျန်​ကို​ခေါ်ပြီး​မေးမြန်းရ​တော့သည်​။
"အားလျန်​ မင်း​ပြောကြည့်​ ခုချိန်​ဇာတ်​လိုက်​မဘာလုပ်​​နေမလဲ"
[Vampire ​ခေါင်း​ဆောင်​ရဲ့အိပ်​ရာ​ပေါ်တက်​​နေပါတယ်​]
အားလျန်​ရဲ့ငှက်​ဆိုးထိုးသံ​လေးအဆုံး Sean​သောက်​​နေတဲ့​ရေသီးကာ ​သောက်​ထားသမျှပြန်​​ထွက်​သွား​တော့သည်​။
"ဖွီးးးးးးးးးဘာရယ်​ ပြန်​​ပြောစမ်း"
[ဟဲဟဲ လန့်​သွားလား? အလကား​နှောက်​တာ
Vampire​ခေါင်း​ဆောင်​ကို လိုက်​ကပ်​​နေတာ]
"​သေနာ​လေး ငါ့ကိုလာ​နှောက်​​နေတာ"
[Hostကလည်း ခုမှစဖူးတာကို]
"တိတ်​စမ်း! ​ခွေးနာလှည်းနင်းခံရတဲ့အသံနဲ့မ​ပြောစမ်းနဲ့"
[ငိ......Hostလုပ်​မှပဲ Systemက​ခွေးနာဘ၀​ရောက်​]
"အားလျန်​ ငါတစ်​စုံတစ်​​ယောက်​ကို ချစ်​မိသွားလို့ရလား
ငါသိတယ်​ ဒါ​တွေအားလုံးက ပုံရိပ်​​​ရောင်​သပ်​သပ်​ပဲဆိုတာ
ဒါ​ပေမဲ့....ဒါ​ပေမဲ့ ငါသူ့ကို..."
[ကျွန်​​တော်​အချစ်​အ​ကြောင်း​တော့နားမလည်​ဘူးHost
ဒါ​ပေမဲ့အကြံ​ပေးရရင်​​တော့ Follow Your Heart
နှလုံးသား​စေရာကိုလိုက်​​ပေါ့ ဟဲဟဲ]
"ဟုတ်​တယ်​​နော်​ ခဏတာဆိုရင်​​တောင်
ငါသူ့ကိုချစ်​မိသွားပြီ ပုံရိပ်​​ရောင်​သပ်​သပ်​ဆိုရင်​​တောင်
ငါသူ့ကိုငါ့အပိုင်​ဖြစ်​​စေချင်​တယ်​"
[ကြိုးစားပါHost Missionရဲ့​နောက်​ဆုံးအချက်​အရ
အချစ်​စစ်​ကိုရှာ​ဖွေရမည့်​အချက်​ပြီး​မြှောက်​တာ​ပေါ့
Point 500​တောင်​ရမှာ​နော်​]
"ဟုတ်​သားပဲ မင်း​တော်​တယ်​ အားလျန်​"
(​ဒေါက်​.....​ဒေါက်​)
တံခါး​ခေါက်​သံ​ကြောင့်​ ​ခြေပစ်​လက်​ပစ်​ထိုင်​ပြီး အားလျန်​နဲ့စကား​ပြော​နေရာမှ ထလိုက်​ပြီး ခုံ​ပေါ်​သေ​သေသပ်​သပ်​ပြန်​ထိုင်​​နေလိုက်​သည်​။