Arc 8.2 ~Thakhin~
3.3K 344 45
Unicode
အိပ်ပျော်နေရင်း ဗိုက်ပေါ်ကလေးလံလာသလိုခံစားရတာကြောင့် မျက်လုံးဖွင့်ကြည့်မိတော့ ရတုလွှမ်းကသူ့ဗိုက်ပေါ်မှောက်ပြီးအိပ်နေတာဖြစ်သည်။ နာရီကိုကြည့်လိုက်တော့ ညနေ၆နာရီထိုးနေပြီဖြစ်တာကြောင့် ဆက်မအိပ်တော့ဘဲ ရတုလွှမ်းကိုပါနိုးကာ အောက်ထပ်ဆင်းလာခဲ့လိုက်သည်။ ရတုလွှမ်းကို ထမင်းစားစားပွဲတွင်ထိုင်စေလိုက်ပြီး ရေတစ်ခွက်ခပ်ပေးထားလိုက်ကာ သူကတော့ညစာအတွက်ပြင်ဆင်နေလိုက်သည်။ မူလကိုယ်ပိုင်ရှင်က အိမ်မှုကိစ္စတွေအားလုံးကိုသူကိုယ်တိုင်လုပ်လေ့ရှိတာကြောင့် သန့်ရှင်းရေးအတွက်သာအိမ်အကူအနည်းငယ်ခေါ်ထားလေသည်။ ညစာပြင်ဆင်နေတုန်း ခြံထဲမှာကားသံကြားတာကြောင့် မင်းရတုပိုင်ပြန်လာပြီဆိုတာသိပေမဲ့ အရင်လိုထွက်ကြိုရမယ့်အစား မသိချင်ယောင်ဆောင်နေလိုက်သည်။
"Daddyပြန်လာပြီ"
ရတုလွှမ်းက မင်းရတုပိုင်ကိုသခင့်အနမ်းထက်ပိုချစ်ပေမဲ့ ကြောက်တာကြောင့်အနားသိပ်မကပ်ရဲပေ။ ဒါပေမဲ့သူ့Daddyကိုတွေ့တိုင်းပျော်ရွှင်နေတတ်တဲ့ပုံစံလေးကတော့အထင်သားပေါ်လွင်နေတတ်သည်။ အခုလည်းသူ့အတွက်ခပ်ပေးထားတဲ့ရေအေးခွက်ကိုမသောက်ဘဲ သူ့Daddyအတွက်ယူသွားပေးလေသည်။
"Daddyမောနေပြီလားဟင်"
"မမောပါဘူး သားပါပါးရောလွှမ်း"
"ပါပါးကညစာချက်နေတယ်Daddy"
"အင်း သားလိုချင်နေတဲ့ပန်းချီပစ္စည်းတွေဝယ်လာခဲ့တယ် သွားသိမ်းလိုက်အုံး Daddyနောက်မှလိုက်ခဲ့မယ်"
"ဟုတ် Daddy"
လွှမ်းအိမ်ပေါ်တက်သွားမှ မင်းရတုပိုင်မီးဖိုခန်းထဲဝင်လာလိုက်သည်။ ကျောပေးထားပြီးအလုပ်လုပ်နေတဲ့သူလေးကိုမြင်မှ စိတ်ထဲအေးချမ်းသွားသလိုခံစားရသည်။ မချစ်ဘဲယူခဲ့ရပေမဲ့ သူ့ဘက်ကတာဝန်တွေကိုမလစ်ဟင်းစေသလို ထိုကောင်လေးကလည်းသူနဲ့ပတ်သက်သမျှအရာအားလုံးတာဝန်ကျေပွန်သည်။ တစ်နေကုန်နေလို့နာရီဝက်ကြာအောင်စကားမပြောဖူးကြပေမဲ့ ထိုကောင်လေးကအေးချမ်းမှုပေးစွမ်းနိုင်သည်။ အလုပ်မှာဘယ်လောက်ပဲပင်ပန်းလာပါစေ အိမ်ပြန်လာတိုင်း အိမ်ပေါက်ဝမှာအပြုံးလေးနဲ့ရပ်နေတတ်တဲ့ကောင်လေးကိုမြင်ရင် စိတ်ထဲအေးချမ်းသွားပြီး ပင်ပန်းတာတွေပြေပျောက်သွားတတ်သည်။ သို့သော် ဒီနေ့သခင့်အနမ်းကသူ့ကိုထွက်မကြိုသလိုဂရုလည်းမစိုက်ပေ။