Arc 8.6 ~Thakhin~
3.1K 291 43
Unicode
နောက်တစ်နေ့မနက်ရောက်တော့ မင်းရတုပိုင်က ခေါင်းရင်းပေါ်လက်ထောက်ပြီး သခင့်အနမ်းကိုပြုံးကြည့်နေသည့်မြင်ကွင်းကဆီးကြိုနေသည်။
"ကိုကိုအိပ်နေတာချစ်စရာလေး"
"မောင်နိုးနေတာကြာပြီလား"
"နာရီဝက်လောက်ရှိပြီ"
"ဟင် နိုးလိုက်တာမဟုတ်ဘူး ဗိုက်ဆာနေရောပေါ့"
"မနိုးရက်ပါဘူး ညကကိုကိုပင်ပန်းထားတယ်လေ"
"မောင်! ရှက်လည်းမရှက်ဘူး"
ရှက်ရမ်းရမ်းပြီး ရေချိုးခန်းထဲပြေးဝင်သွားတဲ့သခင့်အနမ်းကိုကြည့်ပြီး မင်းရတုပိုင်ညကအကြောင်းအရာတွေပြန်စဥ်းစားမိသွားကာ မျက်နှာထက်တွင်အပြုံးတစ်ပွင့်ကနေရာယူသွားသည်။
"ကိုကိုကစွဲမက်ဖွယ်ကောင်းတယ်~"
အပြင်ကမင်းရတုပိုင်နဲ့ခြားနားစွာ ရေချိုးခန်းထဲကသခင့်အနမ်းကတော့ အားလျန်နဲ့အတူ အားလျန်ယူလာပေးတဲ့အချက်အလက်တွေကိုလူယုတ်မာအပြုံးဖြင့်ကြည့်နေလေသည်။
[Hostရာလူလိုပြုံးစမ်းပါ]
*Shutup your ass*
[ငုံးHostဘော]
*ဆဲတာနောက်ထား ဇာတ်လိုက်မအကြောင်းအရင်ပြောမယ်*
[ဇာတ်လိုက်မက အခြားကုမ္ပဏီတွေကသူဋ္ဌေးတွေနဲ့လည်းဇယားမကင်းဘူး သူဋ္ဌေးသားတွေနဲ့လည်းရှုပ်တယ် ပုံတွေကတော့Hostလည်းကြည့်ပြီးပြီပဲ vdတစ်ချို့လည်းရှိတယ်]
*ဟုတ်ပြီအဲ့လောက်ဆိုငါလှုပ်ရှားလို့ရပြီ ဒါနဲ့သူကငါ့ကိုဘယ်လိုနာမည်ဖြတ်မှာလဲ*
[သူကလူငှားထားတယ် အဲ့လူနဲ့Hostကဖောက်ပြန်နေပါတယ်ဆိုပြီးဖြစ်အောင်လုပ်မှာ ပုံတစ်ချို့လည်းသူကဖြတ်ညှပ်ကပ်လုပ်ထားတယ်]
*ကလေးအကွက်တွေနဲ့ အခုတော့ရေချိုးတော့မယ်ညောင်းကိုက်နေတာပဲ*
[ခုမှညောင်းနေ ညကကြတမောင်မောင်နဲ့]
*တိတ်စမ်း ရှီကျွင်းနဲ့ပေးစားလိုက်ရ*
[ပေးစားတော့ယူလိုက်ရုံပေါ့ ဟိုကနတ်ဆိုးဘုရင်ပေမဲ့ချောချောလေး လျိုမင်လျန်တို့ကအနစ်နာခံပြီးကိုယူလိုက်အုံးမှာ]