Arc 2.4 ~Li Xian~
5.5K 509 3
Zawgyi
ကောက အ​စောင့်​​ယောင်​​ဆောင်​ပြီး အချုပ်​ခန်းထဲခိုးဝင်​လာသည်​။ လီရှန့်​အချုပ်​ကျတုန်းက အ​စောင့်​၂​ယောက်​ကို ယွီအိမ်​​တော်​ကအ​စောင့်​၂​ယောက်​နဲ့လူလဲထည့်​​ပေးလိုက်တာ​ကြောင့်​ လီရှန့်​ဆီ​ရောက်​ဖို့လွယ်​ကူသွားသည်​။ လီရုံ​ရောက်​သွား​တော့ ​ကောက်​ရိုးခင်း​ပေါ်မှာ ​ကွေး​ကွေး​လေးအိပ်​​နေတဲ့ လီရှန့်​ကို​တွေ့လိုက်​ရသည်​။ လီရှန့်​ကငယ်​ငယ်​ကတည်းက
အားငယ်​တတ်​ပြီး နူးညံ့တဲ့က​လေး သတင်းကြားကြားခြင်း လီရုံကိုယ့်​နားကိုယ်​​တောင်​မယုံနိုင်​ခဲ့ဘူး။ ဟွမ်​မင်းကြီးက
လီရှန့်​ကို အရမ်းချစ်​တာမဟုတ်​လား ဘာကဒီလိုအ​ခြေ​နေ​တွေကိုဖြစ်​​ပေါ်​စေတာလဲ။ ​အိပ်​​ပျော်​​နေတဲ့လီရှန့်​အနား
ကိုသွားလိုက်​ပြီး ခပ်​ဖွဖွလှုပ်​နိုးရသည်​။
"ရှန့်​ရှန့်​ ရှန့်​ရှန့်​ ထ​ကောလာ​ခေါ်တာ က​လေးရှန့်​ရှန့်​"
"အင်း......​ကော ​ကောလာ​ခေါ်တာလား
ဟင့်​ ​ကော​ကော"
လီရှန့်​ ​ကောကိုအားကိုးတကြီးဖက်​တွယ်​လိုက်​မိသည်​။ မူလကိုယ်​ရဲ့ ခံစားချက်​​တွေဖြစ်​မည်​ သူ​သေဆုံးသွားတုန်းက လီရုံကိုသူ​တွေ့ခွင့်​မရလိုက်​ဘူးဖြစ်​သည်​။ ​ကောက ​ခေါင်း​လေးကိုဖွဖွကိုင်​ရင်း ​ချော့သည်​။
"တိတ်​​တော့က​လေး မငိုနဲ့ ​ကော​နဲ့လိုက်​ခဲ့​နော်​"
"ဟုတ်​​ကော"
ကောကသူမှာပါလာတဲ့ ​အ​စောင့်​ဝတ်​ရုံတစ်​ခုလဲဝတ်​​စေပြီး ရုပ်​ဖျက်​​ပေးသည်​။ အချုပ်​ခန်းထဲက​နေထွက်​ဖို့ခက်​ခဲလွန်း​ပေမဲ့ အချုပ်​ခန်းအ​ကြောင်း​နှော​ကျေ​နေတဲ့​ကောက အလွယ်​တကူပဲ​ခေါ်ထုတ်​လာ​ပေးသည်​။ အပြင်​ဖက်​​ရောက်​​တော့ ​ယွီအမတ်​က ​စောင့်​​နေသည်​။ ၀တ်​ရုံ​တွေပြန်​လဲပြီး နန်းတွင်းထဲက
ခိုးထွက်​လာ​တော့သည်​။ အိမ်​​တော်​​ရောက်​​တော့ ​အ​စေခံ​တွေက လီရှန့်​ကိုကြည့်​ပြီးငိုသည်​။ လီရှန့်​က ငယ်​ငယ်
ကတည်းက စိတ်​ထားဖြူစင်​ပြီးနူးညံ့သိမ်​​မွေ့တာ​ကြောင့်
တစ်​အိမ်​​လုံးကချစ်​ခင်​ကြသည်​။ အခုဒီလိုပုံစံနဲ့မြင်​ရ​တော့ သူတို့ဝမ်းနည်းကြမှာမလွဲ မူလလီရှန့်​​သေတုန်းကလည်း
တစ်​ချို့အ​စေခံ​တွေဆို ဟွမ်​မင်းကြီးကိုပုန်​ကန်​သွားကြသည်​။