Arc 7.1 ~Feng Qin~
4K 325 24
Unicode
ရှောင်ကျန့်သူ့မျက်လုံးတွေကိုဖွင့်ကြည့်လိုက်တော့ အဖြူရောင်မြူခိုးတွေကြားကနေရာတစ်ခု အရာအားလုံးဟာရှင်းလင်းနေပြီး သူတစ်ယောက်သာရှိနေသည်။ သူ့လက်နှင့်ခြေထောက်ကိုလည်း အပြာရောင်လျှပ်စီးတွေစီးဝင်နေတဲ့သံကြိုးတွေနဲ့ချည်နှောင်ခြင်းခံထားရလေသည်။ သူအားလျန်ကိုမခေါ်မီမှာပဲ အဖြူနဲ့အပြာရောစပ်ထားတဲ့ဝတ်ရုံကိုဝတ်ဆင်ထားပြီးအဖြူရောင်ဆံနွယ်တွေနဲ့လူတစ်ယောက် မဟုတ်သေးဘူး နတ်ဘုရားတစ်ယောက်ရောက်လာလေသည်။
"ဖုန်းချင်း အမှန်တရားကိုဝန်ခံလိုက်ပါ ကိုယ်တော့်ရဲ့ကြင်ယာတော်လျောင်းယာကိုမင်းသတ်လိုက်တယ်ဆိုတာ"
*ဘာလဲ ဒီခန္ဓာကိုယ်ပိုင်ရှင်ကလူသတ်ထားတာလား ဝန်မခံသေးဘူးဆိုတော့မသတ်တာလဲဖြစ်နိုင်တာပဲ*
"ကျွန်တော်မျိုးမလုပ်မိတဲ့အရာအတွက် ဘယ်တော့မှဝန်ခံမှာမဟုတ်ပါဘူး"
"ရှောင်ဖုန်းချင်း မင်း! ခေါင်းမမာစမ်းပါနဲ့ မင်းဝန်ခံရင်ငါအပြစ်လျော့ပေးလို့ရတာမလို့ ဝန်ခံလိုက်စမ်းပါ"
"သတ်ချင်သတ်ပစ်လိုက်ပါ ကိုယ်မလုပ်တဲ့အရာအတွက်တော့ဝန်မခံနိုင်ပါဘူး"
"ကောင်းပြီလေ မင်းဆန္ဒအတိုင်းပဲပေါ့ မနက်ဖြန်မင်းကိုစီရင်မယ်"
ထိုလူပြန်ထွက်သွားတော့မှ အားလျန်ကSystemဖွင့်လိုက်တဲ့အသံကြားလိုက်ရသည်။
[Host အားလျန်ရောက်ပါပြီ ဇာတ်ကြောင်းပို့ပါတော့မယ်]
"အင်း"
[ဇာတ်ကြောင်းစတင်ပို့ဆောင်ပါပြီ ဒီတစ်ခါနာကျင်ပါလိမ့်မယ်]
"အားးးးးးးးး"
ဇာတ်ကြောင်းတွေဝင်ရောက်လာချင်းနှင့်အတူ နာကျင်မှုဒဏ်ကြောင့် တစ်ဖန်ပြန်လည်မေ့မျောသွားတော့သည်။ ခဏအကြာမှပြန်လည်သတိလည်လာပြီး ဇာတ်ကြောင်းကိုစဖတ်ရသည်။
ဒီကမ္ဘာက နတ်တွေနဲ့နတ်ဆိုးတွေရဲ့ကမ္ဘာတွေကိုအခြေတည်ထားတာဖြစ်သည်။ ဒီကမ္ဘာရဲ့ဇာတ်လိုက်က ဝမ်လင်ယွမ် ကောင်းကင်အရှင်သခင်ဖြစ်ပြီး ဇာတ်လိုက်မက လေနတ်သမီးမင်မေ့ယွဲ့ဖြစ်သည်။ သူဝင်ထားတဲ့ကိုယ်ကဒုတိယဇာတ်လိုက် စစ်နတ်ဘုရားရှောင်ဖုန်းချင်းဖြစ်သည်။ ရှောင်ဖုန်းချင်းက အရင်စစ်နတ်ဘုရားနဲ့ပန်းနတ်သမီးတို့ရဲ့သားအရင်းဖြစ်ပြီး ဖူးစာရေးနတ်မင်း လျိုမင်လျန်ကသူ့ရဲ့မွေးစားညီလေးဖြစ်သည်။ လျိုမင်လျန်ကလူသားကနေမွေးစားထားခဲ့တာကြောင့် ဖူးစာရေးနတ်အဖြစ်ရွေးချယ်ခံရပြီးအရင်ဖူးစာရေးနတ်မင်း၏အမည်လျိုကိုသာဆက်ခံခဲ့ရသည်။ ရှောင်ဖုန်းချင်း၊ ဝမ်လင်ယွမ်နဲ့ ရှီကျွင်းတို့က အရင်းနှီးဆုံးသူငယ်ချင်းတွေပင်ဖြစ်သည်။ ဝမ်လင်ယွမ်ကရှီကျွင်းရဲ့ညီမဖြစ်သူ ရှီမုန့်ကိုသဘောကျနေတာဖြစ်သည်။ အချင်းချင်းသဘောကျနှစ်သက်ကြတာကြောင့်သူတို့လက်ထက်ဖို့ဖြစ်လာခဲ့သည်။ ဒါပေမဲ့လက်ထက်မည့်နေ့မှာပဲ ရှီမုန့်ဟာသူ့အဆောင်ထဲမှာလဲကျသေဆုံးနေပြီးဘေးမှာလဲသွေးအိုင်ထွန်းနေကာ သူ့ဘေးတွင်တော့သွေးစွန်းနေတဲ့ဓားမြှောင်ကိုကိုင်ဆောင်ထားသည့်ဖုန်းချင်းကို ဝမ်လင်ယွမ်ရောရှီကျွင်းပါတွေ့လိုက်ရသည်။ ရှီကျွင်းရောဝမ်လင်ယွမ်ပါစိတ်တိုသွားကြပြီး ဖုန်းချင်းရဲ့စွမ်းအားတွေကိုချက်ချင်းပဲဖျက်စီးပစ်လိုက်ကြသည်။ ဖြေချင်းခွင့်မပေးတော့ဘဲ လျှပ်စီးသံကြိုးတွေနဲ့သူ့ကိုယ်ကိုချုပ်နှောင်ကာ သုံးလောကအလည်ကနေရာမှာဖမ်းချုပ်ထားလိုက်သည်။ ဝမ်လင်ယွမ်ဟာလည်း လေနတ်သမီးမင်မေ့ယွဲ့နဲ့လက်ထက်ဖို့ဖြစ်လာလေသည်။ ဒါကိုသိသွားတဲ့ ဖုန်းချင်းကဖမ်းချုပ်ခံထားရပေမဲ့အတင်းရုန်းကန်သောင်းကြမ်းတော့ အားလုံးက ဖုန်းချင်းဟာဝမ်လင်ယွမ်ကိုနှစ်သက်တာကြောင့်ရှီမုန့်ကိုသေစေခဲ့ပြီး အခုလေနတ်သမီးမင်မေ့ယွဲ့ကိုပါအန္တရာယ်ပြုချင်တာလို့မှတ်ချက်ချကာ နတ်သက်ခြွေပေးဖို့ကောင်းကင်အရှင်ဖြစ်တဲ့ဝမ်လင်ယွမ်ကိုတောင်းဆိုတဲ့အခါငြင်းပယ်ခြင်းမပြုသလိုလက်ခံခြင်းလည်းမပြုတာကြောင့်နတ်ဆိုးအရှင်ရှီကျွင်းအကူအညီနဲ့နတ်သက်ကြွေစေလိုက်ကြသည်။ ဝမ်လင်ယွမ်ဟာလည်းရှီမုန့်သေဆုံးမှုအပေါ်တစ်ဖက်လက်နဲ့ဘယ်သူ့မှအသိမပေးဘဲဆက်လက်စုံစမ်းနေတာဖြစ်တာကြောင့်ဖုန်းချင်းကိုအပြစ်ဒဏ်မချဘဲဖမ်းချုပ်ထားတာသာဖြစ်သည်။ သူအမှန်တရားကိုသိရချိန်မှာတော့ဖုန်းချင်းဟာနတ်သက်ကြွေသွားခဲ့ပြီဖြစ်သည်။ အမှန်တော့နတ်ဆိုးတိုင်းပြည်ရဲ့မင်းသမီးရှီမုန့်ကိုဖုန်းချင်းမသတ်ခဲ့ပေ။ ဖုန်းချင်းကငယ်စဥ်ကတည်းကဝမ်လင်ယွမ်ကိုသဘောကျခဲ့ပေမဲ့သူ့ဘက်ကဘာကိုမှရှေ့ဆက်တိုးခြင်းမရှိဘဲသူ့ရဲ့တစ်ခုတည်းသောလျို့ဝှက်ချက်ကိုသာပြောပြထားခဲ့လေသည်။ ဒါကြောင့်ဝမ်လင်ယွမ်က ဖုန်းချင်းရဲ့မပျက်ဆီးသေးတဲ့ဝိညာဥ်အပိုင်းအစတစ်ချို့ကိုစုဆောင်းခဲ့သည်။