Author's Note
1.2K 86 33
Thanks To My Reader...
Systemလေးကဒီနေ့မှာတော့အဆုံးသတ်သွားနိုင်ခဲ့ပြီ။ ရေးခဲ့စဥ်တစ်လျှောက်လုံးမှာ negetive mentတစ်ချို့တွေ့ခဲ့ရပေမဲ့ အမြဲကောဘက်ကရပ်တည်အားပေးခဲ့ကြတဲ့သူလေးတွေကြောင့်ကောဒီနေ့မှာအောင်မြင်စွာရေးသားနိုင်ခဲ့ခြင်းပါ။ တစ်နှစ်ငါးလနဲ့တစ်ဆယ့်သုံးရက်တိတိကြာမြင့်ခဲ့ပေမဲ့အချစ်မပျက်ဘဲအဆုံးထိရှိနေပေးကြလို့ကျေးဇူးအများကြီးတင်ပါတယ်ဗျ။
တကယ်တော့ဒီFicလေးကကောအနေနဲ့အစဦးဆုံးရေးသားမှုဖြစ်ပေမဲ့ ထင်မှတ်မထားတဲ့အားပေးမှုလေးတွေရရှိခဲ့တဲ့အတွက်ကြောင့် ကောအတွက်အမှတ်အရဆုံးFicလေးဖြစ်နေမှာပါ။ မင်းလေးတို့အတွက်လဲအမှတ်တရလေးဖြစ်နေဖို့မျှော်လင့်မိပါတယ်။
Systemကငါတို့ကိုအောင်သွယ်ပေးတယ်ဆိုတဲ့နာမည်လေးနဲ့အစချီပြီး plotချခြင်းမရှိဘဲအမြဲလက်တန်းချခဲ့တာဖြစ်လို့ ဖတ်ရတာအဆင်မပြေတာလေးတွေရှိရင်ဖတ်ရှုသူတိုင်းကိုတောင်းပန်ပါတယ်။ နောက်Ficလေးတွေမှာ ကောဘက်ကအခုထက်ပိုပြီးကြိုးစားသွားပါ့မယ်လို့ကတိပေးပါတယ်။
အားလုံးအတွက်ကောဘက်က Superiseအနေနဲ့ ဒီFicလေးထဲကကောအကြိုက်ဆုံးarcလေးကိုခန့်မှန်းနိုင်တဲ့ပထမဆုံးမန့်၃ခုကိုဘေလ်၁၀၀၀ဖိုးဆီထည့်ပေးမှာပါဗျ။ များတဲ့ပမာဏမဟုတ်ပေမဲ့စရေးကတည်းကစီစဥ်ထားတာဖြစ်လို့ဖြေပေးစေချင်မိပါတယ်။ ကံကောင်းကြပါစေဗျ။ နောက်သုံးရက်နေရင်ပြန်လာခဲ့မယ်ဗျ။
ကဲကဲ အဆုံးသတ်အနေနဲ့ အားလုံးကိုချစ်ပါကြောင်းပြောချင်ပါတယ်ဗျ။ နောက် Ficလေးမှာထပ်တွေ့ချင်ပါသေးတယ်ဗျ။ Systemလေးပဲရေးရမလား ဇာတ်လမ်းပဲရေးရမလားကောကိုအကြံပေးသွားကြပါအုံးဗျ။
Edit: မခွဲချင်တဲ့baeလေးတွေအတွက်အမှာစကားပါးချင်တာကတော့ ကောအနေနဲ့systemလေးကိုunမှာမဟုတ်တဲ့အတွက်ကြောင့် ကြိုက်တဲ့အချိန် အချိန်မရွေးပြန်လာပြီးဖတ်နိုင်ပါတယ်ဗျ။
//////
Wang Mei Lian
Thanks To My Reader...
//////
Wang Mei Lian