Arc 4.7 ~Yu Min~
3.7K 350 6
Unicode
"မင်းပိရိပါစေ ကိစ္စပြီးရင်ထိုက်သင့်တဲ့ဆုကိုပေးမယ်"
"ကျေးဇူးတင်ပါတယ် ချောင်သူဋ္ဌေး"
ချောင်လုံမနေ့ညကပွဲထဲခိုးဝင်ပြီး ချန်လင်သောက်မဲ့ခွက်ထဲအိပ်ဆေးခပ်လိုက်သည်။ အရင်ကတည်းကစုံစမ်းဖို့ပို့ထားတဲ့ သူ့လူယုံမိန်းကလေးနဲ့အထင်လွှဲအောင်ဂွင်ဆင်ထားတာဖြစ်သည်။ သူတို့အစီစဥ်အောင်မြင်သွားသည်လို့ပြောရမည်။ အခုဆိုလီအိမ်တော်နဲ့ကုအိမ်တော်သွေးကွဲသွားပြီ အချင်းချင်းပြိုင်ကြရင်သူကအသာလေးနေရာဝင်ဦးရုံပဲလေ။
"ဟားဟားဟားးး ကုချန်ဝေ ကုချန်လင် မင်းတို့မကြာခင်ငါ့လက်အောက်ရောက်စေရမယ်"
(ဝုန်းးးးး)
"သခင်ကြီး သခင်ကြီး ဟိုမိန်းကလေး ထွက်ပြေးသွားပါပြီ"
"ဘာ! ရှောင်ရှင်းရှင်းကိုသေချာစောင့်ကြည့်ခိုင်းထားတဲ့ကြားထဲက မင်းတို့လူတွေအများကြီးရှိနေတာကို အဲ့ကောင်မကဘာကိစ္စလွတ်သွားရတာလဲ"
"ကယ်ထုတ်သွားတဲ့သူရှိလို့ပါ အပြင်လူဝင်လာပြီးကယ်ထုတ်သွားတာလို့ယူဆထားပါတယ်"
"ကျစ်! ပြန်လိုက်ရှာကြ သူလွတ်သွားရင် မင်းတို့သေဖို့ပြင်ထား ကြားလား!"
"ဟုတ်ကဲ့ပါ သခင်ကြီး"
ယွီမင် အိပ်ရာပေါ်မှာလဲလျောင်းနေတဲ့သူမကိုသေချာကြည့်နေမိသည်။ သူမကိုရင်းရင်းနှီးနှီးတွေ့ဖူးသည် မျက်နှာပေါ်ကဒဏ်ရာတွေသာမရှိရင် သူမှတ်မိမယ်ထင်တယ် အခုတော့သူမနိုးလာတာကိုစောင့်ရမည်။ မနက်ကအစောပိုင်း ချောင်လုံရဲ့တည်နေရာကိုသိရတာကြောင့် သူကိုယ်တိုင်သွားစုံစမ်းရင်း ဂိုထောင်နဲ့ခပ်လှမ်းလှမ်းကအိမ်ပုလေးနား အစောင့်တွေများနေတာကြောင့်အနီးကပ်သွားစုံစမ်းကြည့်တော့ မိန်းကလေးတစ်ယောက်ကိုဖမ်းထားမှန်းသိလိုက်တာကြောင့် ဟိုလူတွေအလစ်မှာ ကယ်ထုတ်လာခဲ့တာဖြစ်သည်။ သူမကသူ့အတွက်အကူညီတစ်ခုဖြစ်မယ်လို့ယုံကြည်နေမိတာကြောင့်လဲပါမည်ထင်သည်။
ရှင်းရှင်းသတိရလာတော့သူနဲ့မရင်းနှီးတဲ့မျက်နှာချက်ကိုတွေ့လိုက်တာကြောင့်အံ့ဩသွားသည်။ သူမှတ်မိသလောက်ဆိုရင် သူမနေ့ညက ဂိုထောင်ထဲမှာအရိုက်ခံရတဲ့ဒဏ်ကြောင့်သတိလစ်သွားခဲ့တာဖြစ်သည်။ ပြီးတော့ဒါကသူမအခန်းလဲမဟုတ်သလို ဆေးရုံအခန်းတစ်ခုလဲမဖြစ်နိုင်ဘူး။ သူမဘယ်သူ့အိမ်ကိုရောက်နေတာလဲ။ အခန်းတံခါးဖွင့်သံကြောင့် တံခါးဝကိုကြည့်လိုက်တော့ သူမဆီလျှောက်လာတဲ့ယွီမင်ကိုမြင်လိုက်ရသည်။