အပိုင်း - (၁)

22.1K 938 102
                                    

ဆည်းဆာရောင်လွှမ်းနေသောကောင်းကင်ပြင်နှင့်အတူ ပုစွန်ဆီရောင်တောက် နေသည့်တိမ်စိုင်တိမ်လိပ်တို့က ညနေခင်း၏နေဝင်ချိန်အလှကို အကောင်းဆုံးပုံဖော်ခြယ် သလို့နေသည်။ တောင်ပေါ်ဖြစ်တာကြောင့် တိုက်ခတ်နေသောလေညင်းတို့ကလည်း အအေးဓာတ်အနည်းငယ်ပိုနေ၏။

လိမ္မော်ရောင်သန်းနေသောမိုးကုပ်စက်ဝိုင်းနှင့်အပြိုင် မျက်စိတစ်ဆုံးကြည့်မ ကုန်နိုင်သည့် ရောင်စုံခြယ်ပန်းခင်းကြီးမှာလည်း သူ့ထက်ငါအပြိုင်အဆိုင် ပွင့်ဖူးနေကာ လေယူရာတိမ်း၍ ယိမ်းကလို့နေလျက်ရှိသည်။ မတူညီသည့်သဘာဝတို့ ပေါင်းစပ်ထား သော ညနေခင်းအလှတရားတို့ကို တောင်ကုန်းထက်မှာ ခြေစုံရပ်ရင်း ငေးကြည့်နေသည့် အမျိုးသားငယ်တစ်ယောက်။

အရှေ့တိုင်း၏တော်ဝင်ဆန်သောအလှနှင့် အနောက်တိုင်း၏ခမ်းနားတင့်တယ် သောအဆင်းတို့ ပေါင်းစပ်ဖွဲ့စည်းထားသည့် အမျိုးသားငယ်၏ရုပ်ရည်သွင်ပြင်သည် လူ တွေရဲ့အမြင်မှာ အတော်လေးဆွဲဆောင်မှုရှိနေသလို ခြောက်ပေကျော်မြင့်တဲ့ သူ့ရဲ့အရပ် အမောင်းကလည်း လူတိုင်းမျက်စိကျရသည့်အားသာချက်တစ်ခု ဖြစ်လို့နေသည်။

တိုက်ခတ်နေသည့်လေအေးကြောင့် ထိုအမျိုးသားငယ်ဝတ်ဆင်ထားသောကုတ် အရှည်အနားစတို့က လေထဲမှာတဖျတ်ဖျတ် လွင့်ခါနေလျက်။ လက်နှစ်ဖက်နောက်ပစ်၍ ခြေစုံရပ်နေတာကပင် အများအမြင်မှာ သူက ပြီးပြည့်စုံသည်ထက်သာလွန်လို့နေသည်။

ထူထဲနက်မှောင်တဲ့မျက်ခုံးထူအောက်က အညိုရောင်မျက်ဝန်းများသည် ဆုံတွေ့ ဖူးသူတိုင်း ထပ်ခါထပ်ခါ ကျရှုံးသွားစေနိုင်သည့်မာယာညွှတ်ကွင်းတစ်ခု။ ဒါပေမဲ့လည်း အမြဲတပ်ထားလေ့ရှိသောနေကာမျက်မှန်ကြောင့် လူအနည်းစုသာ ထိုပျော်ဝင်ငြိတွယ်စ ရာကောင်းလှသည့်မျက်ဝန်းညိုတွေကို တွေ့ဖူးမြင်ဖူးကြသည်။

ဖြောင့်တန်းနေတဲ့နှာတံကို အဆုံးသတ်မှာ ပံ့ပိုးပေးထားသောခပ်ချွန်ချွန်နှာထိပ် ဖျားနဲ့ အချိန်တိုင်းနီးပါး တင်းတင်းစေ့ထားတတ်တဲ့နှုတ်ခမ်းပါးတစ်စုံက ယောက်ျားဆန် သည့်မျက်နှာကျကို ပိုမိုခံ့ညားစေသည်။

My Step-mom's EX becomes My HUSBAND [ Book Version ]Where stories live. Discover now