အပိုင်း - (၇)

3.5K 207 10
                                    

ခိုက်တို့မနက်စာ,စားပြီး အိမ်ကထွက်လာသည်။ ဆေးရုံလိုက်ပို့ပေးမယ်လို့ပြော လိုက်ပေမယ့် မဖြစ်ဘူးဆိုပြီး အသည်းအသန်ငြင်းနေတဲ့ရှားကြောင့် ခိုက် အကြောင်းပြ ချက်တောင်းမိတော့ လူတွေဝိုင်းကြည့်မှာစိုးသည်။ ကားအကောင်းစားကြီးစီးပြီး ဆေးရုံ ကိုသွားရင်း ဆေးရုံကလူတွေ တစ်နေ့လုံး သူ့ကို မျက်စိဒေါက်ထောက်ပြီး ကြည့်နေကြ လိမ့်မည်တဲ့။

ခပ်လှမ်းလှမ်းအထိပဲ လိုက်ပို့ပေးပါမယ်လို့ ခွင့်တောင်းသော်လည်း မဖြစ်ဘူး ချည်းသာ တွင်တွင်ငြင်းနေသည်ကြောင့် ခိုက်တစ်မျိုးတွေးရပြန်သည်။ နောက်ဆုံးမှာ‌ တော့ နှစ်ယောက်လုံးလမ်းလျှောက်သွားဖို့ ဆုံးဖြတ်လိုက်သည်။ ဆေးရုံကကွန်ဒိုနဲ့ ငါးဘလောက်အကျော်မှာရှိသည်မို့ မဝေးလှသော်လည်း နီးတယ်လို့မဆိုသာ။ လမ်းလျှောက် မည်ဆိုလျှင် မိနစ်နှစ်ဆယ်လောက် လျှောက်ရသည်။

အိမ်ရာဝင်းထဲမှာ လူရှင်းပေမယ့် လမ်းမကြီးပေါ်မှာတော့ ဟိုဟိုဒီဒီ သွားလာနေ ကြသူများက အများအပြားပင်။ လူကြည့်မခံချင်သောဆရာဝန်လေးကြောင့် ခပ်လှမ်း လှမ်းက လိုက်လာတဲ့ သူ့လူတွေကို ဝေးဝေးနေဖို့ ခိုက် အရိပ်အကဲပြရသေးသည်။

အရိပ်ရတဲ့သစ်ပင်ကြီးတွေက လမ်းတစ်ဖက်တစ်ချက်ကနေ ယှက်ဖြာအုပ်မိုးထားတာကြောင့် နေပျောက်တို့က လမ်းမထက်မှာ ဟိုတစ်ကွက်ဒီတစ်ကွက်သာကျနေ သည်။ လိုက်မပို့စေချင်လို့ အမျိုးမျိုးလှည့်ပတ်ပြောနေတဲ့ရှားကို ခိုက်က မရမကလိုက်ပို့ နေတာကြောင့် အိမ်ကထွက်လာစ,မှာတော့ မျက်နှာသိပ်မကောင်းချင်။ ခိုက်ကလည်း ရိပ်မိတာကြောင့် သူ့ရှေ့ကနေ ခြေလှမ်းငါးလှမ်းစာလောက် ခွာလျှောက်နေတဲ့ရှားနောက် ကို တိတ်တဆိတ်သာ လှမ်းရင်းလိုက်လာသည်။

" ငါ့ကိုလိုက်ပို့ပြီးရင် မင်း ဘာလုပ်မှာလဲ "

အိမ်ရာဝင်းထဲကထွက်မှ ခိုက်ဘက်ကို ခေါင်းအသာစောင်းပြီးမေးလာသည်မို့ ခိုက် ခြေလှမ်းကျဲကျဲလှမ်းရင်း ရှားနဲ့ တစ်ပေအကွာလောက်မှာနေလိုက်သည်။

" ဒါပြီးရင်တော့ အလုပ်လေးတစ်ခုလောက် လုပ်ရင်ကောင်းမလားလို့ "

My Step-mom's EX becomes My HUSBAND [ Book Version ]Where stories live. Discover now