အပိုင်း - (၂၈)

801 64 2
                                    

သူနာပြုဆရာမလေးနဲ့အတူ ရှား ဧည့်တွေ့ဆောင်ကို ထွက်လာခဲ့သည်။ ကျောင်းပြီး လို့ အလုပ်သင်ကာလကတည်းက ရှားဆီလာတဲ့ဧည့်သည်ဆိုတာ မရှိသလောက်နီးပါးမို့ ရှားလည်း ဧည့်သည်က ဘယ်သူဆိုတာကို ခန့်မှန်းလို့မရ။

ဆေးရုံရဲ့ဧည့်တွေ့ဆောင်ကိုရောက်တော့ အသက်ငါးဆယ်ဝန်းကျင်လောက်ရှိတဲ့ လူကြီးတစ်ယောက်က ရှားကို အပြုံးတစ်ချက်နဲ့ အသိအမှတ်ပြုသလို ခေါင်းညိတ်ပြလာ သည်။

" အန်ကယ်... ဒေါက်တာ ရောက်ပါပြီ "

သူနာပြုဆရာမလေးကတော့ ထိုလူကြီးကို ရှားနဲ့ မိတ်ဆက်ပေးပြီး ထွက်သွားတော့ သည်။

" ဟုတ်... ကျွန်တော်က ဥတုရှားမြတ်ပါ... အန်ကယ် ကျွန်တော့်ကို တွေ့ချင်တာ က... "

ရှား စကားပလ္လင်ခံရင်း ထိုလူကြီးရဲ့အရှေ့က ထိုင်ခုံမှာဝင်ထိုင်လိုက်သည်။ လူချမ်း သာတစ်ယောက်မှန်း သိသာအောင်ပင် ဝတ်ပုံစားပုံက လူကြီးလူကောင်းဆန်လှသည်။ အနောက်တိုင်း suitအပြည့်အစုံဝတ်ထားတဲ့ ထိုလူကြီးရဲ့ခန္ဓာကိုယ်က ဗိုက်ပူအဆီရွဲတို့ ဖြစ်မနေဘဲ ကျစ်လစ်ပြီး ကျန်းမာရေးလိုက်စားတဲ့ လူမှန်းသိသာစေတာမို့ ကျန်းမာရေး ကိစ္စနဲ့တော့ ရှားကိုလာရှာတာမဟုတ်မှန်း ခန့်မှန်းမိလိုက်သည်။

" မောင်ရင် အချိန်ရမယ်ဆိုရင် အန်ကယ်နဲ့ အေးအေးဆေးဆေး စကားပြောလို့ရ မယ့်နေရာတစ်ခုကို လိုက်ပေးနိုင်မလား "

" ဟို... အားတော့နာပေမယ့် အန်ကယ်က ဘယ်သူများလဲမသိ "

" ဪ... အန်ကယ် ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးပါမယ်... အန်ကယ့်နာမည်က ဦးမင်းကြွယ်တိုး... သား သတိုးရဲ့ဒယ်ဒီပါ "

" ခင်ဗျာ... "

မထင်မှတ်ထားတဲ့ ဧည့်သည်ကြောင့် ရှား အံ့သြသွားရသည်။ တစ်နေ့နေ့တစ်ချိန် ချိန်မှာ တွေ့ရမယ်ဆိုတာ သိထားပေမယ့် ဒီလောက်မြန်မြန်တွေ့ရလိမ့်မယ်လို့တော့ ရှား မတွေးထားခဲ့ဖူးပါ။

အခုချိန်မှာ ခိုက်လည်း ရှိမနေတာကြောင့် နည်းနည်းတော့ စိတ်လှုပ်ရှားမိပေမယ့် ရှား ကိုယ့်ကိုယ်ကိုအားတင်းပြီး အတတ်နိုင်ဆုံး တည်ငြိမ်အောင် နေလိုက်သည်။

My Step-mom's EX becomes My HUSBAND [ Book Version ]Where stories live. Discover now