ဇာတ်သိမ်းပိုင်း

2.3K 121 1
                                    

ခိုက် သတိပြန်ရလာပြီဆိုတဲ့အကြောင်း ဆရာဝန်ကြီးတွေကို အကြောင်းကြားပြီး တဲ့နောက်မှာတော့ ခိုက်ကို စစ်ဆေးစရာရှိတာတွေ စစ်ဆေးပေးဖို့ ရောက်လာကြသည်။ ကိုလင်းနဲ့ မပိုးလည်း သတင်းကြားကြားချင်း အပြေးရောက်လာပြီး ရှား ဘေးနားမှာရပ် စောင့်ပေးနေကြသည်။

" စိုးရိမ်စရာမရှိတော့ပါဘူး... လူနာက တစ်လနီးပါးလောက် သတိမေ့နေခဲ့တာဆို တော့ အာရုံကြောတွေ အနည်းအကျဥ်းတော့ တုံ့ဆိုင်းနေတာမျိုး ဖြစ်နေပါလိမ့်မယ်... ဒါကလည်း ခဏပါပဲ...ဒေါက်တာရှားမြတ်လည်း ရှိနေတာဆိုတော့ ကျန်တာတွေတော့ ဆရာတို့ ဘာမှထွေထွေထူးထူး မမှာတော့ပါဘူး... အရမ်းလှုပ်ရှားတာမျိုး မလုပ်သေးဘဲ အနားယူလိုက်ပါဦး "

ဆရာဝန်ကြီးတွေကို ကိုလင်းက ပြန်လိုက်ပို့ဖို့ အပြင်ထွက်သွားသည်။ မိုးထိဘွား ကတော့ လိုအပ်တွေဆေးတွေဝယ်ဖို့ သူနာပြုဆရာမလေးက ပြောလာတာကြောင့် ဆေး ကောင်တာကို လိုက်သွားသည်။ အခန်းထဲမှာ မပိုးနဲ့ရှားပဲကျန်ခဲ့တာမို့ ခုတင်ထက်မှာ လှဲ နေတဲ့ခိုက်အနားကို ရှား တစ်လှမ်းချင်းတိုးလာခဲ့သည်။

" ရှား!! " " မြတ်!! "

ခိုက်အနားကို တရွေ့ရွေ့တိုးလာတဲ့လူသားလေးက ခုတင်နားမရောက်ခင်မှာဘဲ အရုပ်ကြိုးပြတ် ပုံကျသွားသည်မို့ ခိုက်ရော မပိုးပါ စိုးရိမ်တကြီးနဲ့ အော်မိသွားသည်။

(❁'◡'❁)

ခုတင်ထက်မှာ ဆေးပိုက်တန်းလန်းနဲ့ အိပ်မောကျနေတဲ့လူသားလေးကို ခိုက် မမှိတ်မသုန် စိုက်ကြည့်နေမိသည်။ ကိုလင်းက သူသတိမေ့နေတဲ့တစ်လနီးပါးအခြေ အနေကို အသေးစိတ်ပြောပြလာတော့ ခိုက် ဟန်မဆောင်နိုင်စွာဘဲ မျက်ရည်ကျမိသည်။

မာမီ့ကိုလည်း မလာစေဘဲ သူတစ်ယောက်တည်း ဒုက္ခခံနေခဲ့တာပဲ။ ဒီလူသားလေး ကို မနာကျင်စေရဘူးလို့ အထပ်ထပ်ကြွေးကြော်ထားပေမယ့်လည်း သူကိုယ်တိုင်ကပဲ ရှား ရဲ့မျက်ရည်မိုးတို့ကို ရွာသွန်းစေသူဖြစ်နေပြန်သည်။

( ဘယ်လောက်များတောင် ပင်ပန်းနေခဲ့မလဲ ... အချစ်ရယ် )

ခိုက်ကိုယ်တိုင်ကလည်း နေရတာသိပ်အဆင်မပြေတာကြောင့် ထိုနေ့ညကတော့ မိုးထိဘွားကပဲ ဆရာသမားနှစ်ယောက်ရဲ့ လူနာစောင့်တာဝန်ကို ဆက်ခံယူလာသည်။

My Step-mom's EX becomes My HUSBAND [ Book Version ]Where stories live. Discover now