အပိုင်း - (၁၁)

2.4K 155 3
                                    

သူ့ကိုမကြည့်ဘဲမြေကြီးကိုငုံ့ကြည့်ပြီး တိုးတိုးလေးပြောလာတဲ့ရှားကို ခိုက် အချိန်တစ်ခုကြာတဲ့အထိ ငေးကြည့်နေမိသည်။ စဉ်းစားပေးမယ်လို့ ပြောလိုက်တာလေး ကိုပင် သူ့ရင်ဘတ်ထဲက နှလုံးခုန်သံတွေက အဆမတန်မြန်လာသည်။

ဘာပဲဖြစ်ဖြစ်မချစ်နိုင်ဘူးလို့ ယတိပြတ်ငြင်းနေတာထက်စာရင် ဒါကအခြေ အနေ ပိုကောင်းလာတယ်လို့ ပြောလို့ရတယ်မလား။ ရှားဘက်က မူလစမှတ်မှာပဲ ကြိုနေပါစေဦးတော့ ကိုယ်ကပဲ ရှားရှိနေတဲ့ စ,မှတ် လေးကို ရောက်အောင်လာခဲ့ပါမယ်။

ရှားရပ်နေတဲ့မျက်နှာချင်းဆိုင်ကို အနီးကပ်ဆုံးအထိ ခိုက်တိုးလာမိသည်။ နီရဲနေသည့်နားရွက်ဖျားလေးကြောင့် ရှားရှက်နေတာကိုလည်း သူ နားလည်ပါသည်။ ခံစားချက် တွေကို ဖွင့်ပြဖို့ခဲယဉ်းလွန်းတဲ့ဒီလူသားလေးက ဒီစကားကိုပြောဖို့ အားယူခဲ့ရရှာမှာပေါ့။

" ကိုယ် ရှားကို ဖက်ထားချင်လိုက်တာ "

ခိုက်ပြောမိတော့ အလန့်တကြားနဲ့မော့ကြည့်လာတဲ့ မျက်လုံးဝိုင်းလေးတွေက ခိုက်ရဲ့ကမ္ဘာမှာ ဖြစ်တည်နေတဲ့သီးသန့်ကြယ်စုလေးတစ်ခု။ ခိုက်က ကောင်းကင်ကြီးဖြစ် မယ်ဆိုရင် ရှားက သူ့ကမ္ဘာကို အလင်းပေးမယ့် ကြယ်စုလေးပဲဖြစ်လိမ့်မည်။

နေ့အလင်းရောင်ကြောင့်ပဲဖြစ်ဖြစ် လမင်းရောင်ကြောင့်ပဲဖြစ်ဖြစ် မှေးမှိန်လို့

နေပါစေဦးတော့ ကောင်းကင်ထက်မှာတော့ ကြယ်စုလေးတွေက အမြဲရှိနေခဲ့တာပဲ

မဟုတ်လား။

" အဟက်... အဲ့လောက်မလန့်သွားပါနဲ့ကွာ... ရှားရဲ့ကျင်လည်နေရတဲ့အသိုင်း အဝိုင်းကြားမှာ ရှားကို အခက်တွေ့အောင် ကိုယ်မလုပ်ပါဘူး.. "

" အင်း... ဒါနဲ့ မင်း သောက်လာတာလား "

နှာခေါင်းတရှုံ့ရှုံ့လုပ်ရင်းမေးလာတဲ့ရှားကြောင့် ခိုက်ခေါင်းငုံ့ပြီး ကိုယ့်ကိုပြန် အနံ့ခံလိုက်သည်။

" အနံ့ထွက်နေလို့လား... နည်းနည်းပဲ သောက်ခဲ့တာပါ "

" အင်း... နည်းနည်း.. ပြန်တော့လေ.. ညနက်နေပြီ ကားကိုဂရုစိုက်မောင်း... "

My Step-mom's EX becomes My HUSBAND [ Book Version ]Where stories live. Discover now