အပိုင်း - (၃၄)

889 58 0
                                    

        ကြားနေကျမဟုတ်တဲ့တေးသီငှက်တို့ရဲ့မနက်ခင်းသီကျူးသံကို ကြားနေရပါသော် လည်း ပုံမှန်ထက်ပိုပြီး နွေးထွေးနေမှုကြောင့် ရှားမျက်လုံးမဖွင့်သေးဘဲ အနွေးဓာတ်ရှိရာ ကို ခေါင်းတိုးဝှေ့လို့နေသည်။

ခဏကြာတော့မှ အသိစိတ်တို့ပုံမှန်ဖြစ်လာပြီး မျက်လုံးကို ဖျက်ခနဲဖွင့်လိုက်တော့ အပေါ်ကြယ်သီးနှစ်လုံးလောက်ပြုတ်နေတဲ့ညအိပ်ဝတ်စုံကြောင့် ကြွက်သားတို့ကျစ်လစ် နေတဲ့ရင်အုပ်ကျယ်ကြီးနဲ့ ရင်ဘတ်အလယ်တည့်တည့်မှာ ရှိနေတဲ့မှဲ့နီလေးက မျက်စိရှေ့ မှာ ထင်းလို့နေသည်။

ခါးတစ်ဝိုက်မှာလည်း သန်မာအားကောင်းတဲ့လက်တစ်စုံရဲ့ တင်းကြပ်နေအောင် ပွေ့ဖက်ခြင်းကို ခံရထားတာကြောင့် ရှားကိုယ်က တစ်ဖက်လူရဲ့ခန္ဓာကိုယ်ထဲ နစ်ဝင် တော့မတတ် ဖြစ်လို့နေသည်။ ခန္ဓာကိုယ်တစ်ခုလုံး လှုပ်လို့မရအောင် ပွေ့ဖက်ခြင်းခံ ထားရတာကြောင့် လွတ်နေတဲ့ခေါင်းလေးကိုနောက်ဆုတ်ရင်း တစ်ဖက်လူကို မော့ကြည့် လိုက်တော့ အသက်ရှူသံမှန်မှန်နဲ့ ငြိမ်သက်လို့နေသည်။

( ဒီသတိုးရှန်ခိုက်ကတော့ စည်းမကျော်လာပါနဲ့လို့ ပြောထားတာတောင် လူကို ပိုင်စိုးပိုင်နင်းနဲ့ လာဖက်ထားသေးတာ ဘယ်သူ့အားကိုးနဲ့လဲ )

ခိုက်ကို ရန်တွေ့ဖို့ပြင်လိုက်ပေမယ့် ညကမိမိအိပ်နေတာက ဘယ်ဘက်အစွန်းမှာ ဖြစ်ပြီး အခုက ညာဘက်ကိုအစွန်းကို ရောက်နေမှန်း သတိထားမိသွားတော့ ချက်ချင်းဆို သလိုပဲ ရှား ပြန်ငြိမ်နေလိုက်သည်။

( ဘာလဲ ... ငါက စည်းကျော်နေတာလား... ငါ အရင်က အဲ့လောက်အိပ်မဆော့ပါ ဘူး... ငြိမ်ငြိမ်ပဲအိပ်တတ်တာပါ အခုမှ ဘယ်လိုဖြစ်ပြီး ဘယ်လိုဖြစ်ပြီးတော့လဲ )

ညက ခိုက်ကို ကြီးကြီးကျယ်ကျယ်တွေပြောခဲ့တာကို သတိရသွားပြီး ရှား သတိ လက်လွတ်နဲ့ ခိုက်ရင်ဘတ်ကို ခေါင်းနဲ့တိုက်မိတော့မလို ဖြစ်သွားသည်မို့ အမြန်ထိန်း လိုက်ရသည်။ ပြီးတော့မှ ခိုက် မနိုးအောင် ခါးမှာဖက်ထားတဲ့လက်တစ်ဖက်ကို အသာ အယာနဲ့ ဖယ်ရှားဖို့ကြိုးစားလိုက်သည်။

My Step-mom's EX becomes My HUSBAND [ Book Version ]Where stories live. Discover now