အပိုင်း - (၂၇)

797 65 2
                                    

ကျွန်းပတ်လည်ကို တောင်တန်းတွေနဲ့ ကာရံထားတာကြောင့် ကျွန်းအလယ်ပိုင်းမှာ ရှိတဲ့လွင်ပြင်ဒေသက ချိုင့်ဝှမ်းတစ်ခုလိုဖြစ်နေသည်။ network ပိုင်းရော မြေပြင်မှာပါ လုံခြုံရေးတင်းကြပ်မှု အမြင့်ဆုံးကျွန်းဖြစ်တာကြောင့် ဆန္ဒရှိရင် တော်ရုံလေကြောင်း ထောက်လှမ်းရေးလောက်ကို ခြေရာဖျောက်ထားလို့ရသည်။

ခိုက်တို့ရဲ့ အရင်ဂိုဏ်းချုပ်က အခုလက်ရှိဝန်ကြီးချုပ်နဲ့ ကိုင်းကျွန်းမှီ ကျွန်းကိုင်မှီ အနေအထားရှိခဲ့တာကြောင့် အနက်ရောင်လောကထဲမှာတော့ ခိုက်တို့ဂိုဏ်းကို ဘယ်သူ ကမှ အသာလွတ်ရန်မစရဲကြ။

ထိုနည်းတူစွာပင် ခိုက်တို့ကလည်း ဘယ်သူ့ကိုမှ အနိုင်ကျင့်ဗိုလ်ကျတာမျိုးမရှိဘဲ ကိုယ့်လမ်းစဥ်နဲ့ကိုယ်သာ သီးသန့်နေထိုင်ခဲ့တဲ့ဂိုဏ်းတစ်ခုဖြစ် သည်။

ဆောင်းအကုန်နွေအကူးကာလမို့ အသီးတွေက အစေးခြစ်ဖို့အကောင်းဆုံးအနေအ ထား ရောက်လို့လာပြီဖြစ်သည်။ ဒီလိုအချိန်ဆို ဂိုဏ်းထဲကလူတွေသာမက သူတို့ရဲ့အိမ် သားတွေလည်း အလုပ်များကြရသည်။

ဂိုဏ်းသားအများစုက ဒီကျွန်းမှာပဲ အခြေချနေထိုင်ကြသည်ကြောင့် ဒီနေရာက ခိုက်

တို့ဂိုဏ်းအတွက် သီးသန့်ကမ္ဘာတစ်ခုလို ဖြစ်နေသည်။ မြို့တော်ကိုလည်း ဖြတ်လမ်းက နေသွားရင် တစ်ရက်ခရီးသာကြာသည်မို့ တစ်ခြားလူမှုရေးကိစ္စအဝဝအတွက်လည်း စိုး ရိမ်ကြောင့်ကြဖြစ်နေစရာမလိုပေ။

ခိုက် အိမ်တော်ပေါ်ကနေ မျက်စိတစ်ဆုံးမြင်နေရတဲ့ပန်းခင်းကြီးကို လှမ်းကြည့် နေ လိုက်သည်။ သူ့ရဲ့သရုပ်မှန်ကို ရှားသာသိသွားရင် ဘယ်လိုတုံ့ပြန်မလဲဆိုတာ မပြော တတ်ပေမယ့် ဒီစိုက်ခင်းကိုသာခေါ်လာပြရင်တော့ တစ်ရက်နီးပါးလောက် မယုံမကြည် ဖြစ်ပြီး ငိုင်နေမှာသေချာသည်။ သူ့ကိုလူကောင်းတစ်ယောက်မဟုတ်မှန်း ရိပ်မိနေပေမယ့် ဒီလောက်ဆိုးနေမယ်လို့ ထင်ထားမှာမဟုတ်တာသေချာသည်။

" ဘာတွေ သဘောကျနေတာလဲ "

ခိုက် သူ့အတွေးနဲ့သူ သတိလက်လွတ်ပြုံးလိုက်မိတော့ ဘယ်အချိန်ထဲက ရောက် နေမှန်းမသိတဲ့ကိုအဂ်က စကားစ,ရင်း နှုတ်ဆက်လာသည်။ ကိုအဂ်က ခိုက်လိုပဲ အရင် ဂိုဏ်းချုပ်ရဲ့ အားအကိုးရဆုံးတပည့်တစ်ယောက်ဖြစ်သလို အခုလက်ရှိမှာလည်း ဒုဂိုဏ်း ချုပ်တာဝန်ကို ထမ်းဆောင်နေသူလည်းဖြစ်သည်။ ဂိုဏ်းသားတွေရဲ့အမြင်မှာ ခိုက်က မာန်အပြည့်နဲ့ စူးရှထက်မြက်တဲ့ပုံစံဆို ကိုအဂ်က အနေတည်ပြီး အေးတိအေးစက်နိုင်တဲ့ ပုံစံမျိုးဖြစ်သည်။

My Step-mom's EX becomes My HUSBAND [ Book Version ]Where stories live. Discover now